ဦးသိန်းစိန် ဘင်္ဂလားဒေ့ရှ် ခရီးစဉ်ရွှေ့ဆိုင်း

ခရီးစဉ် ဖျက်သိမ်းလိုက်တာဟာ ရခိုင်ပြည်နယ်မှာ အရေးပေါ် ဥပဒေ ထုတ်ပြန်ထားတာကြောင့် ရွှေ့ဆိုင်းလိုက်တာ ဖြစ်ကြောင်း ဘင်္ဂလားဒေ့ရ်ှ နိုင်ငံခြားရေးဌာန အရာရှိတွေက အတည်ပြု ပြောကြားတယ်လို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံထုတ် bdnews24 အင်တာနက် သတင်းစာက အထူးသတင်း အဖြစ် ရေးသားထားပါတယ်။
အခုလို သမ္မတ ဦးသိန်းစိန်ရဲ့ ခရီးစဉ် ရွှေ့ဆိုင်းလိုက်ပေမယ့် ဇူလိုင်လ တတိယပတ်လောက် မှာတော့ ရောက်ရှိမယ်လို့ ထင်ကြေးပေးကြောင်း နောက်ထပ် ဘင်္ဂလားဒေ့ရှ် အရာရှိတဦးက ပြောတယ်လို့လည်း ပါရှိပါတယ်။
အာအက်ဖ်အေကတော့ ဒီသတင်းနဲ့ ပတ်သက်ပြီး သီးခြား အတည်ပြုချက် မရရှိသေးပါဘူး။
ဒီကနေ့မနက်မှာတော့ မြန်မာအစိုးရ ဒုတိယ နိုင်ငံခြားရေးဝန်ကြီး နဲ့ အဖွဲ့ဟာ ဘင်္ဂလားဒေ့ရ်ှ နိုင်ငံခြားရေး ဝန်ကြီးဌာန ကိုယ်စားလှယ်တွေနဲ့ ဒါကာမြို့မှာ သမ္မတ ဦးသိန်းစိန်ရဲ့ ခရီးစဉ်နဲ့ ပတ်သက်ပြီး အကြို ဆွေးနွေးခဲ့ကြပါတယ်။
သမ္မတ ဦးသိန်းစိန် ဘင်္ဂလားဒေ့ရ်ှကို လာရောက် လည်ပတ်တဲ့အခါမှာ နှစ်နိုင်ငံ ကုန်သွယ်ရေး၊ လေကြောင်းဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှု၊ အပါအဝင် ရိုဟင်ဂျာကိစ္စတွေကိုပါ ဆွေးနွေးနိုင်ဖွယ် ရှိတယ်လို့ သိရပါတယ်။