သမ္မတဦးသိန်းစိန်ကို အခြေခံ ဥပဒေချိုးဖောက်မှုနဲ့ NLD တိုင်ကြား

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို သမ္မတ ဦးသိန်းစိန် ဆန့်ကျင်ချိုးဖောက်နေတယ်လို့ NLD အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် က ပြည်ထောင် စုရွေးကောက်ပွဲကော်မရှင်ကို နိုဝင်ဘာလ ၂ ရက်နေ့ ရက်စွဲနဲ့ စာရေးသားတိုင်ကြားလိုက်ပါတယ်။

ကြံ့ခိုင်ဖံ့ွဖြိုးရေးပါတီ ဥက္ကဌ သမ္မတဟောင်း ဦးသိန်းစိန်ကို တွေ့ရစဉ် Photo: President Office Website

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို သမ္မတဦးသိန်းစိန် ဆန့်ကျင်ချိုးဖောက်နေတယ်လို့ NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ကို နိုဝင်ဘာလ ၂ ရက်နေ့ ရက်စွဲနဲ့ စာရေးသားတိုင်ကြားလိုက် ပါတယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ဖော်ပြထားတဲ့ သမ္မတနဲ့ဒုသမ္မတဟာ ကိုယ့်ရဲ့ပါတီ လုပ်ငန်းတွေမှာ ဆောင်ရွက်ခြင်း မပြုရဆိုတဲ့ ပုဒ်မ -၆၄ နဲ့ ၆၅ ကို ချိုးဖေါက်တာ တွေ့ရတဲ့အတွက် တိုင်ကြားလိုက်တာလို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဦးဝင်းမြင့်က RFA  ကိုပြောပါတယ်။

"အဓိကထောက်ပြတာတော့ဗျာ၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၆၄ မှာဆိုရင် သမ္မတ၊ ဒုသမ္မတတွေဟာ မိမိတို့နဲ့ သက်ဆိုင်တဲ့ပါတီလုပ်ငန်းတွေမှာ ပါဝင် ဆောင်ရွက်ခြင်း မပြုရဆိုတာ တိတိလင်းလင်းပါထားတယ်ဗျာ၊ အခုပါဝင်ဆောင်ရွက် နေတာတွေ တွေ့နေရတာကိုး၊ နောက်တစ်ချက်ကလည်း သမ္မတ၊ ဒုသမ္မတတွေ တာဝန်ပေးခဲ့စဉ်က ကတိသစ္စာပြုတဲ့အခါမှာ ဖွဲ့စည်းပုံအခြေခံဥပဒေကို စောင့်သိ ရိုသေလိုက်နာပါမည် ဆိုပြီးရှိထားတယ်လေ၊ အဲ့ဒါကိုထောက်ပြတာပါ၊ ကော်မရှင်က ပါတီတွေဟာ ရွေးကောက်ပွဲကော်မရှင် ရဲ့ဥပဒေနဲ့အညီ၊ နောက်တစ်ခါ နိုင်ငံရေးပါတီ မှတ်ပုံတင် နဲ့ ညီ မညီ ကြည့် ရမှာ ကော်မရှင်ရဲ့အလုပ်ကို၊ အဲ့တော့ ကျနော်တို့ ကော်မရှင်ကို တင်ပြတယ်"

ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွဲ့ဖြိုးရေးပါတီ ဥက္ကဌအဖြစ် ဆက်လက်တည်ရှိနေတဲ့ သမ္မတဦးသိန်းစိန်ဟာ၊ သူ့ရဲ့ အောက်တိုဘာလနဲ့ နိုဝင်ဘာလတွေအတွင်း သွား လာခဲ့တဲ့ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ တနင်္သာရီတိုင်းကခရီးစဉ်တွေမှာ ပါတီလုပ်ငန်းတွေ ဆောင်ရွက်ခဲ့တာတွေ့ရတယ်လို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ တိုင်ကြားစာထဲမှာ ထောက်ပြထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org