တနင်္လာထောင့်က ဆုတောင်းပွဲ

နိုင်ငံရေးအကျဉ်းသား အားလုံး လွတ်မြောက်ရေး အင်္ဂါဝတ်ပြု ဆုတောင်းအဖွဲ့က ဒီနေ့မှာလည်း ရွှေတိဂုံဘုရား ရင်ပြင်တော်ပေါ်က တနင်္လာနံထောင့်မှာ ဆုတောင်းပွဲ ပြုလုပ်ခဲ့ကြပါတယ်။
2011-09-27
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
နိုင်ငံရေး အကျဉ်းသား လွတ်မြောက်ရေး ဆုတောင်းပွဲတွေ စဉ်ဆက်မပြတ် လုပ်နေသည့် အင်္ဂါဝတ်ပြု ဆုတောင်းအသင်း။
နိုင်ငံရေး အကျဉ်းသား လွတ်မြောက်ရေး ဆုတောင်းပွဲတွေ စဉ်ဆက်မပြတ် လုပ်နေသည့် အင်္ဂါဝတ်ပြု ဆုတောင်းအသင်း။
Photo: RFA

နေ့လည် ၁ နာရီခွဲမှာ စပြီးပြုလုပ်ခဲ့တဲ့ ဒီနေ့ဆုတောင်းပွဲကို ဒေါ်နော်အုန်းလှ၊ ဒေါ်ခင်ဝင်းကြည်၊ ဦးသိန်းအောင်တို့ ဦးဆောင်ပြီး၊ ပါဝင်သူ စုစုပေါင်း အယောက် ၄၀ ကျော်လောက် ရှိတယ်လို့ သိရပါတယ်။ ဒီနေ့ပွဲဟာ အေးအေးချမ်းချမ်း ပြီးဆုံးခဲ့ပေမယ့် အစိုးရ လုံခြုံရေးအဖွဲ့ဝင်တွေက ခါတိုင်းထက် ပိုပြီး စောင့်ကြည့် နေခဲ့တယ်လို့ ဒေါ်ခင်ဝင်းကြည်က RFA ကို ပြောပါတယ်။

အခုလို နိုင်ငံရေး အကျဉ်းသား လွတ်မြောက်ရေး ဆုတောင်းပွဲတွေ စဉ်ဆက်မပြတ် လုပ်နေတာဟာ အကျဉ်းထောင်ထဲက သူတွေကို စိတ်ဓာတ်အရ အားပေးတာလို့ ဆုတောင်းပွဲ ဦးဆောင်သူ တစ်ဦးဖြစ်တဲ့နိုင်ငံရေး အကျဉ်းသူဟောင်း နော်အုန်းလှက အခုလို ပြောပါတယ်။

“ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးသိန်းစိန် တွေ့တဲ့အပေါ်မှာ တွေ့ဆုံဆွေးနွေးမှုကို ပျက်ပြားစေတယ်လို့ ပြောဆိုတာဟာ တကယ် တွေ့ဆုံဆွေးနွေးမှု အစစ်အမှန်ဆိုရင် ပျက်ပြားစရာ အကြောင်းမရှိပါဘူး။ ထောင်ထဲမှာ ရှိတဲ့ သူတွေကို အားရှိအောင် လုပ်ပေးတာပဲ ဖြစ်ပါတယ်ရှင့်”

ရွှေတိဂုံဘုရားပေါ်က ဒီနေ့ ဆုတောင်းပွဲကို ပြည်တွင်း သတင်းဂျာနယ်တွေက သတင်းထောက်တွေ ရောက်လာပြီး သတင်းယူကြတယ် လို့လဲ သိရပါတယ်။

ကွန်မင့်များ (1)
Share

အမည်မဖော်လိုသူ

ma laut thint bu loe taut htin tar pel .. Gov ka thu tha baw nel thu pyaung lae poel kyoo sar nay tar koel arr pay ku nyi thint par tel ... edi loe laut chin nel loot mel luu ka ma loot bu pyit taut mel ..

Sep 27, 2011 12:18 PM

ဆိုက်တခုလုံးသို့