စစ်တပ် အသရေဖျက်မှုနဲ့ သရုပ်ဆောင်တစ်ဦးကို ထောင်ဒဏ်ချမှတ်

2016-08-27
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ

တပ်မတော်အပေါ်အသရေပျက်စေမှုနဲ့ ဖမ်းဆီးတရားစွဲဆိုထားတဲ့ ရုပ်ရှင် ဗီဒီယို သရုပ်ဆောင်တစ်ဦးကို တရားရုံးက ထောင်ဒဏ် နှစ်နှစ်နဲ့ ကိုးလ စနေနေ့က ချမှတ်လိုက်ပါတယ်။

အသက်၃၅နှစ်အရွယ် သရုပ်ဆောင်ထွန်းလင်းသိန်းဟာ ပြီးခဲ့တဲ မတ်လဆန်းက သူ့ရဲ့ နစ်ဆန်းကား ပတ်ပတ်လည်မှာ စစ်တပ်နဲ့ ရဲတပ်ဖွဲ့အပေါ် ဆဲဆိုထားတာတွေကို မှုတ်ဆေးနဲ့ ရေးသားခဲ့တဲ့အတွက် ရန်ကုန်မြို့ ကမာရွတ်မြို့နယ် လှည်းတန်းခုံးကျော်တံတားပေါ်မှာ ဖမ်းဆီးခဲ့တာပါ။

သူ့ကို နိုင်ငံတော်အကြီးအကဲတွေကို ဂုဏ်သရေ ညှိုးနွမ်းအောင်ပြုလုပ်မှု၊ သာသနာ့အလံကို အလွဲသုံးစားလုပ်မှု စတဲ့ ပုဒ်မ ၄ ခုနဲ့ တရားစွဲဆိုခဲ့ပါတယ်။

မနေ့ကတော့ တရားရုံးက သူ့ကို ထောင်ဒဏ် နှစ်နှစ်နဲ့ ကိုးလ ချမှတ်လိုက်ပါတယ်။

ကွန်မင့်များ (2)
Share

အမည်မဖော်လိုသူ

သူ့ကား သူရေးတယ်ဆိုတာ သေချာရဲ့လား။ မှန်ရင်တော့ တော်တော် မိုက်တဲ့လူဘဲ

Aug 29, 2016 06:58 AM

သဘမ

နေရပ်- ( = သဘောမှန် )

စစ်တပ် က (မကောင်းဘူး) ၊ ထား။
ရဲတပ်ဖွဲ့ က (မကောင်းဘူး) ၊ ထား။
သူတို့ကို (ဆဲ)နေမယ့်အစား သူတို့ရဲ့ (မကောင်းတာ)
တွေကို သက်သေပြ ဖေါ်ထုတ်လိုက်ရင် သူတို့အတွက် ပိုပြီး အထိနာစေပါတယ်။
(ဆဲရေးတိုင်းထွာခြင်း)ဟာ မိမိကိုယ့်ကိုသာ နိမ့်ကျစေပါ
တယ်။

Aug 28, 2016 01:51 PM

ဆိုက်တခုလုံးသို့