သတင်းမီဒီယာသမား ၂ ဦး ထောင်ချခံရ

2015-03-18
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
မြန်မာပို့စ်ဂျာနယ် အယ်ဒီတာချုပ်နဲ့ ဒုတိယ သတင်းထောက်ချုပ်တို့ကို မတ်လ ၁၈ ရက်နေ့က ရုံးထုတ်လာစဉ်
မြန်မာပို့စ်ဂျာနယ် အယ်ဒီတာချုပ်နဲ့ ဒုတိယ သတင်းထောက်ချုပ်တို့ကို မတ်လ ၁၈ ရက်နေ့က ရုံးထုတ်လာစဉ်
Photo: Thu Ya Facebook

"ပညာရေးစနစ် နိမ့်ပါးမှုကြောင့် တပ်မတော်သားတွေ လွှတ်တော်မှာ ပါဝင်နေကြ" ဆိုတဲ့ သတင်းကို ပုံနှိပ်ဖော်ပြခဲ့ တဲ့ မြန်မာပို့စ်ဂျာနယ်က အယ်ဒီတာချုပ်နဲ့ ဒုတိယ သတင်းထောက်ချုပ်တို့ကို ပုဒ်မ ၅၀၀ အသရေ ဖျက်မှုနဲ့ မော်လမြိုင် မြို့နယ်တရားရုံးက ထောင်ဒဏ် ၂ လစီ ချမှတ်လိုက်ပါတယ်။

မွန်ပြည်နယ်က တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ် ဗိုလ်မှူးသိန်းဇော်က တရားလိုလုပ်ပြီး စွဲဆိုခဲ့တာကို ဒီနေ့ အမိန့်ချလိုက်တာဖြစ်တယ်လို့ တရားရုံးကို တက်ရောက်ခဲ့တဲ့ မြန်မာပို့စ်ဂျာနယ် တာဝန်ခံအယ်ဒီတာ ကိုဇင်သော်နိုင် က ပြောပါတယ်။

"တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးသိန်းဇော်က သူတို့ ၂ ယောက်ကို ပုဒ်မ ၅၀၀ အသရေ ဖျက်မှုနဲ့ တရားစွဲတာပါ၊ ၂ လပိုင်း၊ ၃ လပိုင်းလောက်မှာ တရားစစွဲတာပါ၊ အဲ့ချိန်ကစပြီး တစ်နှစ်ကျော် တရားရင်ဆိုင်ပြီးတဲ့အခါမှာ ဒီနေ့နေ့လယ် ၁ နာရီမှာ မွန်ပြည်နယ်က မြို့နယ်တရားသူကြီး ဦးသန်းအောင် က ဒီ ၂ ယောက်ကို အလုပ်မဲ့ထောင်ဒဏ် ၂ လစီချမှတ်လိုက်တယ်၊ အုပ်ချုပ်ရေးပိုင်းက တရားစီရင်ရေးကို ဦးစားပေးပြီးတော့ မတရားအမိန့်ချတယ်လို့ပဲမြင်တယ်"

မွန်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ကုလသမဂ္ဂဖွံ့ဖြိုးရေးအစီအစဉ် UNDP တို့ တွေ့ဆုံပွဲတစ်ခုမှာ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးသိန်းဇော် ပြောခဲ့တာကို ပြီးခဲ့တဲ့နှစ် ဇန်န၀ါရီလ ၂၉ ရက်နေ့ ထုတ် မြန်မာပို့စ်ဂျာနယ်မှာ ဖော်ပြခဲ့တာဖြစ်ပါတယ်။

အဲဒီသတင်းကို မြန်မာပို့စ်ဂျာနယ် မော်လမြိုင်အလွတ်သတင်းထောက်က ရေးသားတာဖြစ်ပြီး သူက တရားလိုပြ သက်သေအဖြစ် လိုက်ခဲ့တာဖြစ်ပါတယ်။

မြန်မာပို့စ်ဂျာနယ် အယ်ဒီတာချုပ် ဦးသန်းထိုက်သူနဲ့ ဒု-သတင်းထောက်ချုပ် ဦးဆန်းမိုးထွန်းတို့ကို ပြစ်ဒဏ်ချမှတ် ပြီး မော်လမြိုင်အကျဉ်းထောင်ကို ပို့ဆောင်လိုက်ပါတယ်။

ကွန်မင့်များ (4)
Share

Taing Yin Thar

နေရပ်- Myanmar

စစ်တပ်ကတော့ သူတို့ ကို ထိရင် အမျိုးမျိုး ကြံဖန် ထောင်ချမယ် ရိုက်မယ်နှက်မယ် အပျောက်ရှင်းမယ်။ တရားရုံး ရောက်လဲ အလကားပဲ စစ်တပ် အမိန့်  အတိုင်း တရားသူကြီး က အမိန့် ချရတာ။

Mar 19, 2015 07:48 PM

အမည်မဖော်လိုသူ

၂၀၁၅ရွေးကောက်ပွဲအဖြေကရှင်းရှင်းလင်းလင်းထွက်ပေါ်ခဲ့ပါပြီ

Mar 19, 2015 07:15 PM

အမည်မဖော်လိုသူ

ဗိုလ်မှူးးသိန်းဇော် ခင်ဗျား ၊
တပ်မတော်အရာရှိတွေ လွှတ်တော်ထဲရောက်နေပြီး တိုင်းကျိုးးပြည်ပြု လုပ်ဖြစ်သလား ၊ ကင်းစောင့်သလို “လူလုံးပြ”နေရသလားဆိုတာ ပြန်ဆန်းစစ်ပါဦး။

Mar 19, 2015 02:14 PM

အမှန်မြင်

နေရပ်- အမြင်မှန်

၂၀၀၈ နာဂစ်စစ်ဥပဒေကို “စောင့်ရှောက်”ဖို့ တပ်ကိုယ်စားလှယ်တွေကို “ကင်းပုန်းချ” ထားတာပေါ့ဗျာ။

Mar 19, 2015 11:06 PM

အမည်မဖော်လိုသူ

“ဆတ်ဆတ်ထိ မခံ”
“အနာပေါ် ဒုတ်ကျ”
“မလုံတဲ့အိုး ဒုတ်မိုးရုံနဲ့ အာ”
“ဟုတ်တာဆို နာလိုခံခက် အမျက်ထွက်”
“ဟုတ် ကျော် ၊ ပုပ် ပေါ်”

Mar 19, 2015 01:47 AM

ဆိုက်တခုလုံးသို့