စစ်အာဏာရှင်ကန့်ကွက်တဲ့ ကြံခင်းက ရဲနှစ်ဦး ထောင်တစ်နှစ်ကျ

2021-03-16
Share
စစ်အာဏာရှင်ကန့်ကွက်တဲ့ ကြံခင်းက ရဲနှစ်ဦး ထောင်တစ်နှစ်ကျ ရဲတပ်သား သူရိန်လင်း နဲ့ ဒုတပ်ကြပ် တာရာလင်း တို့ကို တွေ့ရစဉ်
.

စစ်အာဏာရှင်ကန့်ကွက်ကြောင်း လူမှုကွန်ရက်မှာ ထုတ်ဖော်ရေးသားတာကြောင့် ဖမ်းဆီးခံထားရတဲ့ ဧရာဝတီတိုင်း၊ ကြံခင်းမြို့က ရဲဝန်ထမ်း ညီအစ်ကို နှစ်ဦးကို မနေ့က ထောင်ဒဏ် တစ်နှစ်စီ ချမှတ်လိုက်တယ် လို့ ဖခင်ဖြစ်သူ ဦးသန့်စင်က RFA ကို ပြောပါတယ်။

အချုပ်ကျခံနေရတဲ့ သား နှစ်ဦးကို ထောင်ကို ပို့ဆောင်တော့မှာဖြစ်တယ်လို့ အသိတစ်ဦးက မတ် ၁၅ ရက်နေ့ မှာ ဆက်သွယ်ပြောဆိုလာတာကြောင့် ကြံခင်းမြို့နယ် ရဲတပ်ဖွဲ့မှူးကို မေးမြန်းခဲ့ရာ ရဲစည်းကမ်း ထိန်းသိမ်းရေး ဥပဒေနဲ့ ထောင် တစ်နှစ်ချလိုက်တာ မှန်ကန်ကြောင်းအတည်ပြုပေမယ့် ဘယ်ထောင်ကို ပို့တယ်ဆိုတာ မသိရသေးဘူးလို့ ဦးသန့်စင်က ပြောပါတယ်။

အဲဒီရဲဝန်ထမ်း နှစ်ဦးကို အရင်က ကြံခင်းမြို့နယ် ရဲစခန်းမှာ ထိန်းသိမ်းစစ်ဆေးခဲ့ပြီး နောက်ပိုင်းမှာ ပုသိမ်ကို ပို့လိုက်တယ်ဆိုတဲ့သတင်းသာ ကြားရပြီး ဘယ်နေရာမှာ စစ်ဆေးပြီး အမိန့်ချလိုက်တယ်ဆိုတာ မသိရဘူးလို့ မိသားစုက ပြောပါတယ်။

သားဖြစ်သူ ရဲတပ်ဖွဲ့ဝင် နှစ်ဦးလုံးက အာဏာရှင်စနစ်ကို တော်လှန်ခဲ့လို့ အခုလိုထောင်ဒဏ်ချမှတ်ခံရတဲ့အပေါ် ဂုဏ်ယူတယ်လို့လည်း ပြောပါတယ်။

သားအကြီးဖြစ်တဲ့ ရဲတပ်သား သူရိန်လင်းက ရဲလုပ်သက် ခုနစ်နှစ်ရှိနေပြီး သားအငယ် ရဲ ဒုတပ်ကြပ် တာရာလင်း က ရဲလုပ်သက် လေးနှစ်ရှိနေဖြစ်ကာ ဒုရဲအုပ်စာမေးပွဲဖြေဖို့အတွက် ဖောင်တင်ထားသူလည်း ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

ဆိုက်တခုလုံးသို့