ဦးသိန်းစိန်လက်ထက် တစ်ဦးချင်း ဝင်ငွေ ၆၂.၅ ရာခိုင်နှုန်း တိုးတက်

2016-01-23
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
ကြံ့ခိုင်ဖံွ့ဖြိုးရေးပါတီ ဥက္ကဌ သမ္မတဟောင်း ဦးသိန်းစိန်ကို တွေ့ရစဉ်
ကြံ့ခိုင်ဖံွ့ဖြိုးရေးပါတီ ဥက္ကဌ သမ္မတဟောင်း ဦးသိန်းစိန်ကို တွေ့ရစဉ်
Photo: President Office Website

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်အစိုးရ သက်တမ်းအတွင်း နိုင်ငံသားတစ်ဦးချင်း ပျမ်းမျှ ဝင်ငွေဟာ ဒေါ်လာ ၈၀၀ လောက် ရှိရာကနေ လက်ရှိအချိန်မှာ တစ်ဦး ပျမ်းမျှဝင်ငွေ ဒေါ်လာ ၁၃၀၀ လောက်အထိ တိုးတက်အောင် ဆောင်ရွက်နိုင်ခဲ့တယ် လို့ သမ္မတရုံး ဝန်ကြီး ဦးစိုးသိန်းက ပြောလိုက်ပါတယ်။

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ မြို့တော်ခန်းမမှာ မနေ့က  လူထုနဲ့ တွေ့ဆုံပွဲမှာ သမ္မတရုံးဝန်ကြီး ဦးစိုးသိန်းက ပြောသွား တာဖြစ်ပါတယ်။

"ကျနော် ၅ နှစ်ပြည့်ခါနီးတော့ ကျနော်သုံးသပ်တယ်၊ ဆင်းရဲမှုပပျောက်ရေးအတွက် ၂ဝ၁ဝ၊ ၂ဝ၁၁ မှာ ပြည်သူလူထုရဲ့ပျမ်းမျှဝင်ငွေဟာ ဒေါ်လာ ၈ဝဝ လောက် ပဲရှိတယ်၊ အခု ဒေါ်လာ ၁၂၇ဝ ရှိတယ်လို့ပြောတယ်၊ အကြမ်းအားဖြင့် ဒေါ်လာ ၁၃ဝဝ၊ ဒါပြည်သူတွေ ဝင်ငွေတိုးလာတယ် လို့ ပြောချင်တာ၊ ဒီမိုကရေစီ စံနှုန်းကိုသွားတာလဲ ကျနော်ဒီလိုပဲ တိုင်းတာတယ်"

ဒါ့အပြင် ဆင်းရဲမှုလျှော့ချနိုင်ရေးအတွက် ဆောင်ရွက်ခဲ့ရာမှာ အစိုးရသစ် စတက်ချိန်က ဆင်းရဲမွဲတေမှု အခြေအနေ ဟာ  လူတစ်ရာမှာ ၂၆ ယောက် ရှိရာကနေ အခုမှာတော့ လူတစ်ရာမှာ ၁၈ ယောက်နှုန်း အထိ လျှော့ချနိုင်ခဲ့တယ် လို့ ပြောပါတယ်။

ကွန်မင့်များ (3)
Share

big world

နေရပ်- on the earth

သြော် ဟုတ်ပ ဝင်ငွေတွေတိုးလာတယ်။
ဝင်ငွေတိုးအောင်လုပ်ယူထားတာလေ။
ကုန်ဈေးနှုန်းတွေတက်လာတော့  လူတွေစီးပွားရေးအဆင်မပြေ။ဝန်ထမ်းတွေပိုဆိုး။ပူသံဆူသံလေးကြားရတော့  ဝန်ထမ်းလစာတိုး။
အဲတော့  ဝင်ငွေတိုးပြီပေါ့ ။ဒါပေမဲ့  သူစပြောတဲ့ ဒေါ်လာ ၈၀၀ မပြောနဲ့  ဒေါ်လာ ၄၀၀ လောက် ပြည်တွင်းမှာရရင်ကို ပြည်ပအလုပ်သမားတွေ အပြေးအလွားပြန်လာကြမှာ ။သူ့ ဘေးနားကလူတွေလောက်ကြည့် ပြောနေသလားမသိ။
ကုန်ဈေးနှုန်းတည်ငြိမ်မူ့ ကတော့ စီးကရက်ဈေး နဲ့  အရက်ဈေး ဘဲတည်ငြိမ်တယ်ခင်ဗျ။တော်ပါပေတယ်အဘရယ်။

Jan 26, 2016 12:49 PM

x ++ xx %% ?

ဝင်ငွေ တက်လာတာ (၆၂.၅%)
ဆင်းရဲနှုန်းလျော့တာက (၃၀.၇၆%) ....????

Jan 23, 2016 11:51 PM

တွေးရခက်ကြီးပါ .. ပါ

$800 (ကျပ် ၉သိန်း) ကနေ $1300(ကျပ် ၁၅သိန်း) ..
အင်း .. ဘယ်လို ရာထူး / အဆင့်အတန်း တွေ့ရဲ့ ၀င်ငွေပါလိမ့်။

Jan 23, 2016 11:44 PM

ဆိုက်တခုလုံးသို့