ဆလုံ လူမျိုးစုတွေကို စောင့်ရှောက်ဖို့ HRW တိုက်တွန်း

2015-06-26
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
ဆလုံလူမျိုး မိသားစုတစ်စုကို မြင်ရစဉ်
ဆလုံလူမျိုး မိသားစုတစ်စုကို မြင်ရစဉ်
Photo: AllMyanmar.com

နိုင်ငံအတည်တကျမရှိပဲ ပင်လယ်ပြင်မှာ နေထိုင်ရွှေ့ပြောင်းသွားလာလုပ်ကိုင်နေကြတဲ့ ဆလုံလူမျိုးစုတွေအပေါ် ခွဲခြားဆက်ဆံတာ၊ အနိုင်အထက် နှိပ်စက်တာတွေ ရပ်ဆိုင်းပြီး၊ ကူညီစောင့်ရှာက်အကာအကွယ်ပေးကြဖို့ မြန်မာနဲ့ ထိုင်းနိုင်ငံကို HRW လူ့အခွင့်အရေးအဖွဲ့က မနေ့က အစီရင်ခံစာ ထုတ်ပြန်တိုက်တွန်းလိုက်ပါတယ်။

မြန်မာနဲ့ထိုင်းမှာ လူဝင်မှုကြီးကြပ်ရေးနဲ့ ထိန်းသိမ်းရေးဥပဒေသစ်တွေအောက်မှာ ပင်လယ်ဂျစ်ပစီတွေ လို့ ခေါ်နေကြတဲ့ ဆလုံလူမျိုးစုတွေဟာ ဆိုင်ရာအာဏာပိုင်တွေရဲ့ အနိုင့်အထက်ပြုကျင့်မှုတွေ၊ လူ့အခွင့်အရေး ချိုးဖေါက်မှုတွေ ခံနေကြတယ်လို့ အစီရင်ခံစာမှာဖေါ်ပြပါတယ်။

ဆလုံလူမျိုးစုတွေကို ကမ္ဘာက သတိပြုမိလာတာဟာ ၂၀၀၄ ခုနှစ်က ပေါ်ပေါက်ခဲ့တဲ့ ဆူနာမီဘေးကြောင့်ဖြစ်ပါတယ်။ ဆလုံတွေဟာ ဘ၀ပေးအတွေ့အကြုံ အသိအရ ၂၀၀၄ ဆူနာမီဘေးအန္တရာယ်ကနေ လွတ်ကင်းအောင် ကြိုတင်ကာကွယ်တိမ်းရှောင်နိုင်ခဲ့ကြလို့ ကမ္ဘာတ၀ှမ်း အံ့သြခဲ့ကြရပါတယ်။

ကွန်မင့်များ (5)
Share

U Thant

နေရပ်- usa

HRW is so bossy. It is none of their business. It is just taking credit. As long as those Salon people have identity, there is nothing to worry about their rights in our country. They are among our indigenous peoples. We all have same rights. HRW no need to tell us what to do. Just shut up !

Jun 27, 2015 09:51 PM

အမည်မဖော်လိုသူ

ဆလုံအကြောင်း သနာစရာလို့ အောက်မှာရေးထားပါတယ် သတင်းအတိုင်းဘဲပြောမယ် ဆလုံတွေက နာကစ်တိုက်လို့ မသေးဘူးကွ ဧရာဝတီးတိုင်းသား ငဒအမည်ခံတွေသာ ခွေးသေဝက်သေ သေတာ ပြန်ကြည့်လိုက်ပါဦး

Jun 27, 2015 08:59 AM

အာဒံ

နေရပ်- မင်းမေလင်ရပ်

HRW စားဖားတွေ စားပေါက်ကို ကမ္ဘာ့ဘယ်နေရာက ရမလဲ ချောင်းနေတဲ့ကောင်တွေ ကိုယ်တိုင်ဘာစောက်သုံးမှမကျတဲ့ ညာဏ်ပညာမဲ့ စားဖါးလို့ ငါပြောတယ်

Jun 27, 2015 08:52 AM

မြန်မာတိုင်းရင်းသူ

နေရပ်- ပြည်ပတနေရာ

ဆလုံ ဆိုတာ မြန်မာနိုင်ငံက တိုင်းရင်းသား တမျိုးပါ။ နိုင်ငံ ရှိပါတယ်။ မြန်မာနိုင်ငံထဲ တရားဝင်နေထိုင်ခွင့် နိုင်ငံသား တိုင်းရင်းသား အခွင့်အရေး အပြည့်အ၀ ရ ရမှာပါ။

Jun 26, 2015 03:28 PM

Dr.Zamayraddin

နေရပ်- yangon

သနားစရာဆလုံလူမျိုားဖြစ်ပါတယ်

Jun 26, 2015 07:20 AM

မှတ်ချက်အားလုံးကို ဖတ်ရှုရန်.

ဆိုက်တခုလုံးသို့