ရခိုင်နဲ့ တိုက်ပွဲဖြစ် ပွားနေတဲ့ ဒေသတွေအရေး ဗြိတိန်ဝန်ကြီး ပြော

2017-01-21
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး Boris Johnson ဟာ ဇန်နဝါရီလ ၂၁ ရက်နေ့က ရန်ကုန်ဆေးရုံကြီးကို လေ့လာစဉ်
ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး Boris Johnson ဟာ ဇန်နဝါရီလ ၂၁ ရက်နေ့က ရန်ကုန်ဆေးရုံကြီးကို လေ့လာစဉ်
Photo: Kaung Htet Kyaw/RFA

ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး Boris Johnson ဟာ ရခိုင်အရေးနဲ့ စစ်ပွဲဖြစ်ပွားနေတဲ့ ဒေသတွေနဲ့ပတ်သက်ပြီး ပူပန်မိကြောင်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ တွေ့ဆုံစဉ်မှာ ပြောကြားခဲ့တယ်လို့ ရန်ကုန်မြို့မှာရှိတဲ့ ဗြိတိန်သံရုံးက သတင်းထုတ်ပြန်ပါတယ်။

ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးဟာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်မှာ မနေ့က သွားရောက်တွေ့ဆုံခဲ့တာဖြစ်ပြီး နှစ်နိုင်ငံကြားဆက်ဆံရေးနဲ့ မြန်မာအစိုးရရဲ့ ပြုပြင်ပြောင်းလဲမှုကိစ္စရပ်တွေ၊ ကျန်းမာရေးနဲ့ ပညာရေးကဏ္ဍတွေမှာ ဗြိတိန်အစိုးရက အထောက်အပံ့ပေးသွားမယ့်အကြောင်းလည်း ဆွေးနွေးခဲ့ ကြတယ်လို့ ပါရှိပါတယ်။

ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ပံ့ပိုးသွားမယ့်အကြောင်းနဲ့ ရခိုင်ပြည် နယ်က လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကိစ္စရပ်တွေကို ဖြေရှင်းတဲ့နေရာမှာ ဗြိတိန်နိုင်ငံက ကူညီဖို့အသင့် ရှိကြောင်းလည်း ပြောခဲ့ပါတယ်။

ဗြိတိန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဟာ ဒီနေ့မနက်က ရန်ကုန်ဆေးရုံကြီးနဲ့ ရန်ကုန်မြို့ပြအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ YHT ရုံးခန်းကို သွားရောက်လေ့လာခဲ့ပါတယ်။

ရန်ကုန်ပြည်သူဆေးရုံကြီးမှာ လိုအပ်တာတွေကို တတ်နိုင်သလောက်ကူညီပေးသွားမယ်လို့ ဆေးရုံတာဝန်ရှိသူတွေ ကို ပြောကြားခဲ့တယ်လို့ သိရပါတယ်။ အဲဒီနောက် YHT ဥက္ကဌ ဒေါက်တာသန့်မြင့်ဦးနဲ့ ဝန်ကြီးများရုံးကို သွားရောက်လေ့လာခဲ့ပါတယ်။

ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးဟာ မနေ့က ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေနဲ့လည်း တွေ့ဆုံခဲ့ ပါတယ်။ အဲဒီလိုတွေ့ဆုံရာမှာ ရခိုင်ပြည်နယ်က လုံခြုံရေး တပ်ဖွဲ့ဝင်တွေ တိုက်ခိုက်ခံခဲ့ရတာကို ဝမ်းနည်းကြောင်း၊ ရခိုင်အရေးနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို ဆွေးနွေးခဲ့ပါတယ်။

ဒါ့အပြင် ရခိုင်ပြည်နယ်က လူ့အခွင့်အရေးချိုးဖောက်မှုဆိုင်ရာ အစီရင်ခံစာတွေနဲ့ပတ်သက်ပြီး စိုးရိမ်ပူပန် မိကြောင်းနဲ့ လုံခြုံရေးကို နိုင်ငံတကာစံနှုန်းတွေနဲ့အညီ ဆောင်ရွက်ဖို့ အရေးကြီးကြောင်း ပြောကြားခဲ့တယ်လို့ ဗြိတိန်သံရုံးရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့