မြန်မာနိုင်ငံဆိုင်ရာ ကိုယ်စားလှယ်အသစ် ကုလအတွင်းရေးမှူးချုပ် ခန့်အပ်

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူးတားရက်စ်က သူ့ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်အဖြစ် ဩစတြေးလျ နိုင်ငံခြားရေးဝန်ကြီးဟောင်း မစ္စ ဂျူလီ ဘစ်ရှော့ (Ms. Julie Bishop) ကို ခန့်အပ်လိုက်ကြောင်း ဧပြီလ ၅ ရက် ဒီနေ့ ကြေညာပါတယ်။

သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီး မစ္စ ဂျူလီ ဘစ်ရှော့ (Ms. Julie Bishop) သည် ၁၉၉၅ ခုနှစ်တွင် တွေ့ဆုံခဲ့သည့် ဓာတ်ပုံကို ဒေါ်အောင်ဆန်းစုကြည်အား ၂၀၁၃ ခုနှစ် နိုဝင်ဘာလ ၂၈ ရက်နေ့က ပေးအပ်နေစဉ်။ Australia Minister for Foreign Affairs

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူးတားရက်စ်က သူ့ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်အဖြစ် ဩစတြေးလျ နိုင်ငံခြားရေးဝန်ကြီးဟောင်း မစ္စ ဂျူလီ ဘစ်ရှော့ (Ms. Julie Bishop) ကို ခန့်အပ်လိုက်ကြောင်း ဧပြီလ ၅ ရက် ဒီနေ့ ကြေညာပါတယ်။

မစ္စ ဂျူလီ ဘစ်ရှော့ဟာ ကုလအတွင်းရေးမှူးချုပ်ရဲ့ အရင်က ကိုယ်စားလှယ်ဖြစ်တဲ့ စင်ကာပူနိုင်ငံသူ နိုလင်းဟေဇာ (Noeleen Heyzer) ရဲ့ နေရာကို ဆက်ခံမှာဖြစ်ပါတယ်။ ဂျူလီ ဘစ်ရှော့ ဟာ ဩစတြေးလျလွှတ်တော်မှာ အနှစ် ၂၀ ကြာ တာဝန်ထမ်းဆောင်ခဲ့သူ တစ်ဦးဖြစ်ပြီး လက်ရှိမှာ ဩစတြေးလျ အမျိုးသားတက္ကသိုလ်ရဲ့ အဓိပတိအဖြစ် တာဝန်ထမ်းဆောင်နေသူ ဖြစ်ပါတယ်။

သူ့ရဲ့ဝန်ထမ်းဘဝတစ်လျှောက်လုံးမှာ ဒေသတွင်းနိုင်ငံတွေနဲ့ အခိုင်အမာလက်တွဲဆောင်ရွက်ခဲ့သူ တစ်ဦးဖြစ်ပြီး ပင်လယ်ပြင်ဥပဒေဆိုင်ရာ ကုလသမဂ္ဂညှိနှိုင်းရေးသဘောတူစာချုပ်အပါအဝင် နိုင်ငံတကာပြဿနာတွေကို ညှိနှိုင်းဖြေရှင်းရာမှာ ဦးဆောင်ပါဝင်ခဲ့သူတစ်ဦးဖြစ်တယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org