သယံဇာတနဲ့ အခွန်အခခွဲဝေရေး တိုင်းရင်းသား အမတ်များ ဆွေးနွေး

2016-01-24
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
ညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့ UNA နဲ့ မဟာမိတ်အဖွဲ့တွေရဲ့ ညှိနှိုင်းဆွေးနွေးပွဲကို ဖေဖေါ်ဝါရီလ ၁၇ ရက်နေ့က ဗဟန်းမြို့နယ်ရှိ တော်ဝင်နှင်းဆီ စားသောက်ဆိုင်မှာ စတင်ကျင်းပစဉ်
ညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့ UNA နဲ့ မဟာမိတ်အဖွဲ့တွေရဲ့ ညှိနှိုင်းဆွေးနွေးပွဲကို ဖေဖေါ်ဝါရီလ ၁၇ ရက်နေ့က ဗဟန်းမြို့နယ်ရှိ တော်ဝင်နှင်းဆီ စားသောက်ဆိုင်မှာ စတင်ကျင်းပစဉ်
Photo: RFA

တိုင်းရင်းသားပြည်နယ်တွေမှာ သယံဇာတနဲ့ အခွန်အခခွဲဝေရေးဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲကို UNA ညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့ဝင် လွှတ်တော်ကိုယ်စားလှယ်တွေ ဟာ နေပြည်တော်မှာ နှစ်ရက်ကြာ ကျင်းပ ဆွေးနွေးခဲ့ ကြပါတယ်။

နေပြည်တော် Royal Lotus ဟိုတယ်မှာ ပြုလုပ်တာဖြစ်ပြီး တိုင်းရင်းသားဒေသတွေမှာ ရှိသင့်တဲ့ ရပိုင်ခွင့် အခွင့်အရေး တွေကို လာမယ့် လွှတ်တော်အစည်း အဝေးတွေမှာ ဆွေးနွေးပြီး ဥပဒေပြုနိုင်ဖို့အတွက် ကျင်းပတာဖြစ်တယ်လို့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ SLND က ဦးစိုင်းကျော်ညွန့် က ပြောပါတယ်။

"လာရောက်ဆွေးနွေး သင်ကြားပေးမယ့်လူတွေက ရလာမယ့် ဗဟုသုတကနေတဆင့် ကျနော်တို့ နိုင်ငံရဲ့ အခင်းအကျင်းပေါ်မှာ ဘယ်လိုဥပဒေသစ်တွေပြုနိုင် မလဲပေါ့နော်၊ ဒါကြောင့် ကျနော်တို့ UNA အသင်း မှာ ပြန်လည်ဆွေးနွေးပြီးတော့ တချိန်ချိန်ကျရင် ဥပဒေကြမ်းတွေ တင်သွင်းနိုင်တဲ့အဆင့်ရောက်ရင် ကျနော် တို့က လုပ်ယူရမှာပါ"

ဒီဆွေးနွေးပွဲကို UNA အဖွဲ့ဝင်တွေထဲက ၂၀၁၅ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ တိုင်းရင်းသားပါတီတွေဖြစ်တဲ့  ရခိုင်အမျိုး သားပါတီ ANP၊ ရှမ်းတိုင်ရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD၊ ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်ပါတီနဲ့ မွန်အမျိုးသား ပါတီတို့က လွှတ်တော် အမတ် ၈၀ ကျော်တက်ရောက်ဆွေးနွေးခဲ့ကြပါတယ်။ သဘာဝ ပတ်ဝန်းကျင်ရေးရာနဲ့ အခွန်ပညာရှင်တွေတို့လည်း ပူးပေါင်းပါဝင်ဆွေးနွေးခဲ့ကြပါတယ်။

ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ သဘာဝ သယံဇာတနဲ့ အခွန်အခ ခွဲဝေရေးဆိုင်ရာ ခေါင်းစဉ်အမည်နဲ့ အလုပ်ရုံ ဆွေးနွေးပွဲကို ပညာရှင်တွေ ဖြစ်ကြတဲ့ ဦးဝင်းမျိုးသူ၊ ဦးကိုကိုလွင်နဲ့ အခြားပညာရှင်တွေက ဦးဆောင်ဆွေးနွေးခဲ့တာ ဖြစ်ပါတယ်။

ကွန်မင့်များ (3)
Share

မရှိ​တော့မပူရ ရှိ​တော့ပူရ

ကချင်​မှာ ဘာသံယာဇာမှလည်းမထွက်​ဖူး ဘာသစ်​​တော မှလည်းမရှိဖူး။အလားတူ ရှမ်းပြည်​မှာ သစ်​​တောလည်းမရှိ ​မြေကလည်း ဘိန်းစိုက်​လို့ မရ။ထိုနည်းတူ ရခိုင်​ တနင်္သာရီ မှာလည်း ဘာ​ရေနံသဘာဝဓာတ်​​ငွေမှမထွက်​ရင်​ ​အောက်​ကတင်​ပြသလို ဘာသံယဇာ ဘာအခွန်​ခွဲတာ​တွေ ဖက်​ဒရယ်​​တောင်းဆိုတာ​တွေရှိမှာမဟုတ်​​တော့သလို ဘာတိုက်​ပွဲ​တွေ မှလည်း ရှိမှာမဟုတ်​​တော့ဖူး

Jan 27, 2016 09:50 AM

နားလည်အောင်လုပ်ပါ

Fiscal Decentralization ကို ဦးသိန်းစိန် အစိုးရလက်ထက်မှာစလုပ်ခဲ့ပီးနောက်တက်
မည့်အစိုးရလက်ထက်မှာယခုထက်ပိုလုပ်နိုင်အောင်ဆောင်ရွက်ဖို့ လိုပါတယ် တိုင်းရင်း သားပါတီများအနေဖြင့်သေ၂ချာ၂ပညာရပ်
ဆန်၂လေ့လာပါ။ဝေဖန်တာလွယ်ပါတယ်။တည်ဆောက်တာက ပိုခက်ပါတယ်။ဥပမာအနေနဲ့ Fiscal Decentraluzation မှာအဓိကဖြစ်တဲ့Budget သဘောတရား(Revenue=Expenditure ဆိုတာBudgetဖြစ်တယ်ဆိုတာ)နားလည်ဖို့ လိုပါတယ်။အခွန်အခသည် Revenueတမျိုး
ပါပဲ။ပြည်နယ်တိုင်းကိုအရမ်းခွဲဝေလို့ မရသလို မခွဲပဲနေလို့လည်းမရပါဖူး။မျှဝေသုံးစွဲရမှာပါ။

Jan 26, 2016 10:13 PM

ဆုတောင်းရမလိုဖြစ်နေပီ

မြန်မာနိုင်ငံက အစ္စရေးစင်္ကပူလို ဘာသံယဇာ မှမရှိရင်ဘာပြည်တွင်းစစ်တွေဘာဖက်ဒရယ်မှ ဖြစ်ပွားတာတွေတောင်းဆိုတာတွေရှိလာမှာမဟုတ်ဖူး တခါတလေ တိုင်းပြည်အေး ချမ်းပီးပြည်တွင်းစစ်တွေအားလုံးနဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေ အားလုံးချုပ်ငြိမ်းဖို့ သံယဇာတအားလုံး
တခုမှမရှိပဲ ဘာဘိန်းမှလဲစိုက်ပျိုးလို့ မရပဲကိုယ်လုပ်မှကိုယ်စားရတဲ့လူစွမ်းအားကိုပဲအားကိုးရတဲ့အစ္စရေးစင်္ကာပူလိုနိုင်ငံဖြစ်
ပါစေဆုတောင်းရမလိုဖြစ်နေပီ

Jan 26, 2016 10:29 AM

ဆိုက်တခုလုံးသို့