NLD ကို အားကိုးလို့ မဖြစ်ကြောင်း ဦးခွန်ထွန်းဦးပြော

2016-05-07
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
ရန်ကုန်မြို့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ရုံးချုပ်မှာ မေလ ၇ ရက်နေ့က ကျင်းပတဲ့ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့ UNA အစည်းအဝေးကို တွေ့ရစဉ်
ရန်ကုန်မြို့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ရုံးချုပ်မှာ မေလ ၇ ရက်နေ့က ကျင်းပတဲ့ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့ UNA အစည်းအဝေးကို တွေ့ရစဉ်
Photo: Kyaw Htoon Naing/RFA

NLD အစိုးရကို တိုင်းရင်းသားတွေ အားကိုးလို့မရတော့ကြောင်းနဲ့ တိုင်းရင်းသား မဟာမိတ်အဖွဲ့တွေနဲ့ တိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ်တွေကိုသာ အားကိုးရမှာ ဖြစ်ကြောင်း ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဦးခွန်ထွန်းဦးက ပြောပါတယ်။

ဒီကနေ့ ရန်ကုန်မြို့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ရုံးချုပ်မှာ ကျင်းပတဲ့ ညီညွတ်သော တိုင်းရင်းသား လူမျိုးများ မဟာမိတ်အဖွဲ့ UNA အစည်းအဝေးမှာ ဦးခွန်ထွန်းဦးက တက်ရောက်လာတဲ့ တိုင်းရင်းသားခေါင်းဆောင်တွေကို ရှင်းပြခဲ့တာဖြစ်ပါတယ်။

"အားကိုးတကြီးနဲ့ မဲထည့်လိုက်တယ်၊ ထည့်လိုက်တဲ့အခါကျတော့ ရလဒ်က ရခိုင်ကိစ္စမှာ တော်တော်လေးကို သိသိသာသာကြီးဖြစ်သွားပြီ၊ အဲ့ဒီတော့ ဆိုလိုခြင်းကတော့ ဘယ်နည်းနဲ့မဆို NLD သည် တိုင်းရင်းသား အရေးအတွက်ကတော့ သိပ်အားမကိုးရတော့ဘူး၊ တိုင်းရင်းသားတွေ အားကိုးစရာဆိုလို့ UNA ဒါမှမဟုတ် NBF ရှိခဲ့ရင်လည်း NBF  ဖြစ်လာမှာပေါ့ဗျာ၊ နောက်ပြီးတော့ ကျနော်တို့ လွှတ်တော်မှာတက်နေတဲ့ တိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ်တွေပေါ့နော်"

အဲ့ဒီအစည်းအဝေးမှာ အရင်က အဖွဲ့ဝင် ၈ ဖွဲ့ရှိတဲ့ UNA ကို နောက်ထပ်အဖွဲ့ ၄ ဖွဲ့ကို လက်ခံလိုက်ပြီး အခုဆိုရင် အဖွဲ့ဝင် ၁၂ ဖွဲ့ ရှိပါတယ်။ အသစ်ဝင်ရောက်လာတဲ့ အဖွဲ့တွေကတော့ ခူမီး (ခမီ) အမျိုးသားပါတီ၊ ဓနုတိုင်းရင်းသား လူမျိုးများ ဒီမိုကရေစီ ပါတီ၊ ရခိုင်မျိုးချစ်ပါတီ၊ မြိုအမျိုးသား ဒီမိုကရေစီပါတီတွေဖြစ်ပါတယ်။

လက်ရှိ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဌ ဦးအေးသာအောင် က ၂၁ရာစု ပင်လုံညီလာခံကျင်းပရင်တောင် ဖက်ဒရယ်ပြည်ထောင်စုဖြစ်ဖို့ အလားအလာ နည်းနေသေးကြောင်းနဲ့ စိတ်မလျှော့ကြပဲ ကြိုးစားကြဖို့ လိုအပ်ကြောင်း ပြောပါတယ်။

ညီညွတ်သော တိုင်းရင်းသား လူမျိုးများ မဟာမိတ်အဖွဲ့ (UNA) အစည်းအဝေးကို ရန်ကုန်မြို့ ၉ မိုင်က ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ရုံးမှာ ကျင်းပခဲ့ပါတယ်။ အဲ့ဒီအစည်းဝေးမှာ UNA အဖွဲ့ဝင်အဖြစ် ပါဝင်ခွင့်ရဖို့ တင်ပြထားတဲ့ တိုင်းရင်းသား နိုင်ငံရေးပါတီတွေကို လက်ခံသင့်၊ မသင့် ကိစ္စနဲ့ UNA အဖွဲ့ရဲ့ ရှေ့လုပ်ငန်းစဉ်တွေကို ဆွေးနွေးခဲ့ကြပါတယ်။

RFA သတင်းထောက် ကိုကျော်ထွန်းနိုင် က တင်ပြထားပါတယ်။

ကွန်မင့်များ (13)
Share

သေဘာေပါက္ပါ

တိုင်းရင်သားနယ်မြေတွေမှာ လက်နက်ကိုင်နဲ့တိုက်ရိုက်(သို့)သွယ်ဝိုက်ဆက်စပ်တဲ့
ကျောထောက်နောက်ခံ ပြုထားတဲ့ ပံပိုးထားတဲ့အဖွဲ့တွေကိုမဲမထည့်ပဲ

ပြည်သူက NLD ကိုပဲမဲထည့်ခဲ့တယ်ဆိုတာ
ပြည်သူဒီသေနတ်သံတွေကိုလုံးဝမကြားခြင်ပဲ
အေးချမ်းမူငြိမ်းချမ်းမူကိုလိုခြင်လို့ပဲ..
သူတို့က စစ်ဒဏ်ကိုတကယ်ခံစားနေရတာ.


ရခိုင်နဲ့ရှမ်းမှာ ANP နှင့်ဦးခွန်ထွန်းဦးတို့အနိုင်ရတယ်ဆိုတာ
လက်နက်ကိုင်အဖွဲ့မဟုတ်လို့အနိုင်ရတာ..

ဒါကိုကြည့်လိုက်ရင် ပြည်သူကဘာကြောင့် NLD ကိုမဲထည့်ခဲ့လည်းသဘောပေါက်ပါ..

May 09, 2016 03:18 AM

အံသြံမဆုံးဖြစ်ရပါသည်

နရေပျ- အနာဂါတ်အတွက်ရင်လေးမိသည်

ရှမ်းလူမျိုးများ၏ခေါင်းဆောင်ဆိုသူက ယင်းသို့ပြောခြင်းအတွက်အံသြမဆုံးဖြစ်ရပီး
ခေါင်းဆောင်တဦးအရည်အချင်း
တခုဖြစ်သည့် အမြင်ကျယ်မူဘယ်လောက်ရှိ
သည်ကိုခန့်မှန်းနိုင်ပါသည်


နောက်တချက်အနေဖြင့် ရခိုင်ပြည်နယ်တွင်
တိုင်းရင်းသားပေါင်းစုံ (ရခိုင်အပါအဝင် မြို သက် ခမီး ချင်း ဗမာ ကမာန်း စသည်) နေနေ
တာပါ။ရခိုင်ပြည်နယ်ကို ရခိုင်တဦး တည်း မပိုင်ပါယင်းဒေသရှိတိုင်းရင်းသားအားလုံး
ပိုင်ပါသည်ယခုတိုက်ပွဲဖြစ်ပွဲဖြစ်သည့်
နေရာများသည်ယင်းလူမျိုးစုများနေထိုင်
လျက်ရှိသည့်နေရာများဖြစ်ပါသည်

နိုင်ငံတော်ကိုဦးဆောင်နေသည့် အစိုးရတစ်ရပ်အနေဖြင့် ယင်းဒေသရှိ
တိုင်းရင်းသားပြည်သူများ၏အသက်အိုးအိမ်
စည်းစိမ်ကာကွယ်ရေးအတွက်တာဝန်အပြည့်
ရှိပီး ယင်းတာဝန်ကို NLD ဦးဆောင်သည့်
အစိုးရ လွှတ်တော်မှ ဆောင်ရွက်နေခြင်း
ဖြစ်ပါသည်

အချုပ်ဆိုရလျှင် တိုက်ပွဲအများဆုံးဖြစ်ပွား
လျက်ရှိသည်နေရာသည် ရှမ်းပြည်နှင့်ကချင်
ပြည်နယ်များဖြစ်ပီး ယင်ဒေသရှိတိုင်းရင်း
သားခေါင်းဆောင်များသည် အမြင်ကျယ်မှ
ငြိမ်းချမ်းရေးကိုအမှန်တကယ်လိုခြင်စိတ်
ရှိမှ လူမျိုးစွဲမရှိမှ ငြိမ်းချမ်းရေးအသီးအပွင့်ကို
ပြည်သူများ(အထူးသဖြင့် စစ်ဒဏ်ခံပြည်သူ)
ခံစားနိုင်မည်ဖြစ်ပါသည်။

သို့မဟုတ်ပါက ခေါင်းဆောင်းများကို ဝကွက်
အပ်ထားသည့် အပြစ်ကင်းစင်ရိုးသားသည့်
တိုင်းရင်းသားပြည်သူများ၏အနာဂါတ်သည်
ရင်လေးစရာဖြစ်ပါသည်

May 09, 2016 02:24 AM

ခွဲခြားမြင်ပါ

တိုင်းဒေသကြီးအပါအဝင် တိုင်းရင်းသား
နယ်မြေများမှ ပြည်သူများ(ယင်းအထဲတွင် ဦးခွန်ထွန်းဦးတို့ပါတီထောက်ခံသူများမှ NLDကိုမဲမပေးခဲ့ပါ)ငြိမ်းချမ်းရေး အေးချမ်းမူ
ကို အစိုးရတရပ်အနေနဲ့အကောင်အထည်
ဖော်လုပ်နိုင်အောင်မဲထည့်ခဲ့တာပါ။

နောက်ထပ်လက်နက်ကိုင်တိုက်ပွဲ
အသစ်အသစ်များပေါ်လာပီး တိုင်းပြည်၏
တိုင်းဒေသပြည်နယ်တွေမှာ မြေပေါ်မြေအောက်ဆူဆူပူပူ
ဖြစ်အောင် ပြုလုပ်နေသူများကို
ထောက်ခံခိုင်းဖို့မဲပေးခဲ့တာမဟုတ်ပါဖူး

တိုင်းရင်းသားပြည်သူအားလုံးအကျိုးစီးပွား
ကာကွယ်ဖို့ပါ

May 08, 2016 09:27 PM

Sai Lin Kan

နေရပ်- Melbourne

Khun Tun Oo didn't vote for NLD. He knew former Quasi Government has transferred power to new NLD Government was just over a month. I don’t know why Khun Tun Oo was saying ethnic minorities’ peoples can’t be relied on NLD Government. If Khun Tun Oo thinks problems of 60 years can be sorting out in within a month and then Khun Tun Oo should try negotiating between the Restoration Council of Shan State (RCSS) and the Ta’ang National Liberation Army (TNLA). Both organizations are ethnic Shan and sub-Shan ethnic. Peace and reconciliation between majority Barman peoples and ethnic minority Burmese peoples are not quick fix solution and its long term solution. You must give new Government times and cooperation with Government. You can’t be leader of ethnic Shan peoples if you don’t have vision and understanding on this issue. NLD Government will handle delicately and thoughtfully because it’s sensitive to Military and as well as ethnic minorities’ groups.

May 08, 2016 11:44 AM


ဆန္ဒတွေအ၇မ်းစောနေကြပါလား လပိုင်းရှိသေးသည့်အစိုး၇သစ်ကို အချိနိမပေးဘဲ ဝေဖန်နေကြတယ် ဉီးနှောက်က သုံးပြီး စကားပြောကြပါ
ဉာဏ်မြော်အမြင်ကြီး ဖို့ လို ပါတယ်။
Nld အစိုးရက အခါလည်ကလေး အသက်လောက်တောင်မရှိသေးလို့ အားလုၤး အလိုပြည့်ရအောင် မတတ်နိုင်သေးဘူးလေ
နှစ်ပေါင်းများစွာ နိုင်ငံသားတွေရဲ့ အကြီးအကျယ် ဆင်းရဲမွဲတေမှု၊ ဘေးဒုက္ခ တွေ
၂၀၀၈ ဖွဲ့စည်ပုံအခြေခံဥပဒေ အကျပ်အတည်းတွေ ရှိနေ တယ် လေ။

May 08, 2016 06:03 AM

မှတ်ချက်အားလုံးကို ဖတ်ရှုရန်.

ဆိုက်တခုလုံးသို့