ပျူမြို့ဟောင်း ၃ ခု ယူနက်စကိုအဖွဲ့ လာရောက်စစ်ဆေးတော့မည်


2013-10-16
Share

ဗိဿနိုး၊ ဟန်လင်းနဲ့ သရေခေတ္တရာ ပျူမြို့ဟောင်းသုံးခုကို UNESCO ကုလသမဂ္ဂ ယဉ်ကျေးုမှုအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေး အဖွဲ့ရဲ့ ကမ္ဘာ့ရှေးဟောင်း ယဉ်ကျေးမှုအမွေအနှစ် စာရင်းဝင်အဖြစ် အသိအမှတ်ပြုဖို့ အဲဒီကော်မတီက လာမယ့် ၂၄ရက်နေ့မှာ မြို့ဟောင်းတွေကို လာရောက်စစ်ဆေးမယ်လို့ သိရပါတယ်။

လာမယ့် ၂၀၁၄ ခုနှစ် ဇွန်လမှာ UNESCO က အတည်ပြုမှာဖြစ်တယ်လို့ ပျူမြို့ဟောင်း ၃ မြို့ မူကြမ်းပြုစုရေးကော်မတီ ဥက္ကဌ နဲ့ ရှေးဟောင်းသုတေသနပညာရှင် ဦးစန်းဝင်းက ပြောပါတယ်။

“၁၉၉၆ ဝန်းကျင်မှာ ပုဂံကို ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်စာရင်းဝင်အဖြစ် တင်သွင်းတဲ့အခါကျတော့ ပုဂံရဲ့အခြေအနေနဲ့ အကြောင်းအမျိုးမျိုးကြောင့် ရပ်တန့်သွားတာပေါ့နော်၊ ၂ဝဝ၉ ခုနှစ်မှာ ပြန်လည်ပြီးတော့ ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ် ဗဟိုကော်မတီကို မြို့ဟောင်း ၃ မြို့ကို ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်စာရင်းဝင်အဖြစ် အသိအမှတ်ပြုပေးဖို့ ကျနော်တို့က ထပ်မံပြီးတော့ အဆိုပြုလိုက်တာ၊ ကျနော်တို့ စစ်ဆေးတွေ့ရှိချက်တွေကို နောင်နှစ်ဇွန်လလောက်မှာ ကျင်းပမယ့်ညီလာခံမှာ မြန်မာနိုင်ငံက ဒီမြို့ဟောင်း ၃ မြို့ကို ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်စာရင်းဝင်အဖြစ် အတည်ပြုကြောင်း သူတို့သတ်မှတ်ချက် ထုတ်ပေးမှာဖြစ်ပါတယ်”

အဲဒီ မြို့ဟောင်း ၃ ခုကတော့ မကွေးတိုင်း တောင်တွင်းကြီးမြို့နယ်က ဗိဿနိုး၊ စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ်က ဟန်လင်းမြို့ဟောင်း၊ ပဲခူးတိုင်း ပြည်မြို့နယ်က သရေခေတ္တရာမြို့ဟောင်းတို့ ဖြစ်ပါတယ်။

ရှေးဟောင်းသုတေသနပညာရှင် ဦးစန်းဝင်းကို RFA သတင်းထောက် မရတနာဦး ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

ဆိုက်တခုလုံးသို့