ကလေးများအတွက် သုံးငွေတိုးပေးဖို့ ယူနီဆက်အဖွဲ့ တိုက်တွန်း

လာမယ့် ၂၀၁၃-၂၀၁၄ ခုနှစ် ဘဏ္ဍာရေး အသုံးစရိတ်ရေးဆွဲရာမှာ မြန်မာနိုင်ငံက ကလေးတွေအတွက် လူမှုရေးဆိုင်ရာ အသုံးစရိတ်တွေကို အရင်ကထက်ပိုသုံးစွဲပေးဖို့ ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေအဖွဲ့ UNICEF က အစိုးရကို ဒီကနေ့ တိုက်တွန်း လိုက်ပါတယ်။

ရန်ကုန်မြို့ Sedona Hotel မှာ နိုဝင်ဘာလ ၆ ရက်နေ့ကကျင်းပတဲ့ ကုလသမဂ္ဂ ကလေးများရံပုံငွေအဖွဲ့ UNICEF ရဲ့ မီဒီယာတွေ့ဆုံပွဲကို တွေ့ရစဉ်

လာမယ့် ၂၀၁၃-၂၀၁၄ ခုနှစ် ဘဏ္ဍာရေး အသုံးစရိတ်ရေးဆွဲရာမှာ မြန်မာနိုင်ငံက ကလေးတွေအတွက် လူမှုရေးဆိုင်ရာ အသုံးစရိတ်တွေကို အရင်ကထက်ပိုသုံးစွဲပေးဖို့ ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေအဖွဲ့ UNICEF က အစိုးရကို ဒီကနေ့ တိုက်တွန်းလိုက်ပါတယ်။

ဒီကနေ့ ရန်ကုန်မြို့ Sedona Hotel မှာ ကုလသမဂ္ဂ ကလေးများရံပုံငွေအဖွဲ့ UNICEF က ကျင်းပခဲ့တဲ့ မီဒီယာတွေ့ဆုံပွဲမှာ ကလေးသူငယ်တွေအတွက် အသုံးစရိတ်တိုးမြင့်ပေးဖို့ လိုအပ်နေကြောင်း UNICEF အဖွဲ့ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Mr. Bertrand Bainvel က ပြောပါတယ်။

“အခုအချိန်ဟာ လွှတ်တော်မှာ လာမယ့်နှစ်အတွက် ဘဏ္ဍာရေးအသုံးစရိတ်ခွဲဝေသုံးစွဲဖို့ ဆွေးနွေးနေတဲ့ အချိန်ဖြစ်တဲ့အတွက် ကလေးသူငယ်တွေရဲ့ ကျန်းမာရေး၊ ပညာရေး၊ ကလေးသူငယ်ကာကွယ်ရေးစတဲ့ လူမှုရေးဆိုင်ရာတွေမှာ ဘဏ္ဍာရေးအသုံး စရိတ်တွေကို တိုးမြင့်ပေးဖို့ အချိန်ကိုက်ပဲဖြစ်ပါတယ်” လို့   Mr.Bertrand Bainvel ကပြောပါ။

ဒါ့အပြင် သဘာဝသယံဇာတ တင်ပို့ရောင်းချတာကနေရရှိတဲ့ ဘဏ္ဍာငွေတွေကို ကလေးသူငယ်တွေအတွက် အဓိကထားဦးစားပေးသုံးစွဲဖို့ အစိုးရနဲ့ လွှတ်တော်ကို တိုက်တွန်းထားပါတယ်။

မြန်မာနိုင်ငံဟာ ကလေးသူငယ်တွေနဲ့ ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂညီလာခံ သဘောတူစာချုပ် CRC ကို လက်မှတ်ရေးထိုးထားတဲ့ အဖွဲ့ဝင်နိုင်ငံလည်း ဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org