ဖေဖေါ်ဝါရီ ၁ ရက် စစ်တပ်က အာဏာသိမ်းချိန်ကနေ အခုချိန်ထိ သုံးလကျော်အတွင်းမှာ၊ ငြိမ်းချမ်းစွာ ဆန္ဒ ပြသူ အနည်းဆုံး ၇၈၁ ဦး သတ်ဖြတ်ခံရပြီး၊ သူတို့အထဲက အများစုဟာ အမျိုးသမီးနဲ့ ကလေးတွေဖြစ် ကြောင်း ကုလသမဂ္ဂလူ့အခွင့်အရေးရုံး UNOHCHR က မေလ ၁၀ ရက် မနေ့က သတင်းထုတ်ပြန်လိုက် ပါတယ်။
အမေရိကန်ပြည်ထောင်စု နယူးယောက်ရှိ ကုလသမဂ္ဂဌာနချုပ်မှာ မေလ ၁၀ ရက်နေ့ကပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲအတွင်း၊ “မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေ၊ မြန်မာနိုင်ငံမှာ ကုလသမဂ္ဂနဲ့ မိတ်ဖက်အဖွဲ့အစည်း တွေရဲ့ ဆောင်ရွက်မှု အခြေအနေတွေနဲ့ ပတ်သက်ပြီး” ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူးတားရက်စ်ရဲ့ ပြောခွင့်ရပုဂ္ဂိုလ်ရဲ့ ပြောကြားချက်တွေကို ကိုးကားပြီး UNOHCHR က အခုလို သတင်းထုတ် ပြန်လိုက်တာဖြစ်ပါတယ်။
"အာဏာသိမ်းပြီး လေးလထဲ ရောက်လာချိန်မှာ၊ မြန်မာနိုင်ငံရဲ့ လက်ရှိပြောင်းလဲလာတဲ့ အခြေအနေ တွေဟာ ကမ္ဘာပေါ်မှာ အကာကွယ်ပေးနိုင်မှု အနည်းဆုံး၊ အဆိုးဆုံး လူသားဆိုင်ရာ ပြဿနာတစ်ရပ် ဖြစ်လာနေတယ်" လို့ ကလုသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တီနီယို ဂူးတားရက်စ်ရဲ့ ပြောခွင့်ရ ပုဂ္ဂိုလ်က မှတ်ချက် ပေးသွားတယ်လို့ UNOHCHR က ဆိုပါတယ်။
ဒါကြောင့် မြန်မာနိုင်ငံမှာရှိတဲ့ ကုလသမဂ္ဂအဖွဲ့အနေနဲ့ ဆက်လက်ဖြစ်ပွားနေတဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့ အကြမ်းဖက်မှုတွေအပေါ် တုန်လှုပ်နေဆဲဖြစ်ကြောင်းလည်း ကလုသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တီနီယို ဂူးတားရက်စ်ရဲ့ ပြောခွင့်ရပုဂ္ဂိုလ်ကို ကိုးကားပြီး UNOHCHR က သတင်းထုတ်ပြန်ထားပါတယ်။