အမျိုးသားလွှတ်တော် ဥက္ကဌ ဗိုလ်ချုပ်အောင်ဆန်း လက်ရေးမူ စာအုပ် ပြန်လည်ပေးအပ်

2013-08-16
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
ဗိုလ်ချုပ်အောင်ဆန်းရဲ့ ပါဋိဘာသာ လက်ရေးမူစာအုပ်ကို အမျိုးသားလွှတ်တော် ဥက္ကဌ ဦးခင်အောင်မြင့် မှ ရေနံချောင်းမြို့မိမြို့ဖများနှင့် အ.ထ.က(၁)ကျောင်းအုပ် ဆရာမကြီးတို့အဖွဲ့အား သြဂုတ်လ ၁၆ ရက်နေ့က အမျိုးသားလွှတ်တော် ဧည့်ခန်းမဆောင်တွင် လွှဲပြောင်းပေးနေစဉ်
ဗိုလ်ချုပ်အောင်ဆန်းရဲ့ ပါဋိဘာသာ လက်ရေးမူစာအုပ်ကို အမျိုးသားလွှတ်တော် ဥက္ကဌ ဦးခင်အောင်မြင့် မှ ရေနံချောင်းမြို့မိမြို့ဖများနှင့် အ.ထ.က(၁)ကျောင်းအုပ် ဆရာမကြီးတို့အဖွဲ့အား သြဂုတ်လ ၁၆ ရက်နေ့က အမျိုးသားလွှတ်တော် ဧည့်ခန်းမဆောင်တွင် လွှဲပြောင်းပေးနေစဉ်
photo: RFA/ NLD Facebook

ဗိုလ်ချုပ်အောင်ဆန်း ကျောင်းသားဘက ရေးသားခဲ့တဲ့ ပါဠိဘာသာ လက်ရေးမူစာအုပ်ကို အမျိုးသားလွှတ်တော် ဥက္ကဌ ဦးခင်အောင်မြင့်က ရေနံချောင်းမြို့ မြို့မိမြို့ဖတွေ ထံ ဒီနေ့ ပြန်လည်လွှဲပြောင်း ပေးအပ်လိုက်ပါတယ်။

ဗိုလ်ချုပ်ရဲ့ လက်ရေးမူစာအုပ် ပျက်စီးသွားမှာစိုးလို့ မိမိအနေနဲ့ စနစ်တကျ ထိန်းသိမ်းပေးခဲ့တာဖြစ်ကြောင်း အမျိုးသားလွှတ်တော် ဥက္ကဌက ဒီနေ့နေပြည်တော်မှာ ကျင်းပတဲ့ အခမ်းအနားမှာ ပြောကြားခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကလည်း ဖခင်ရဲ့လက်ရေးမူ စာအုပ်နဲ့ ပတ်သက်ပြီး ပြေပြေလည်လည်ဖြစ်ကြဖို့ တိုက်တွန်းကြောင်း သမိုင်းတန်ဖိုးနဲ့အညီ ထိန်းသိမ်းသွားနိုင်ဖို့ ဆက်လက်လုပ်ဆောင်သွားမယ် လို့ ပြောကြားခဲ့ပါတယ်။ ရေနံချောင်းမြို့ မို့မိမြို့ဖတွေကလည်း အမျိုးသားလွှတ်တော် ဥက္ကဌနဲ့ ဒေါ်အောင်ဆန်းစုကြည် တို့ကို ကျေးဇူးတင်ကြောင်း ပြောကြားခဲ့ပါတယ်။

အမျိုးသားလွှတ်တော် ဥက္ကဌ ဦးခင်အောင်မြင့်ဟာ သူ့ရဲ့ ရေနံချောင်းမြို့ ခရီးစဉ်အတွင်း ရေနံချောင်း အထက () မှာရှိတဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ လက်ရေးမူစာအုပ်ကို ယူဆောင်ခဲ့တာပါ။

ဒီစာအုပ်ပြန်လည်ပေးအပ်တဲ့ပွဲကို အမျိုးသားလွှတ်တော်ဥက္ကဌ ဦးခင်အောင်မြင့်၊ တရားဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေးကော်မတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ ရေနံချောင်းမြို့က မြို့မိမြို့ဖတွေ တက်ရောက်ခဲ့ကြပါတယ်။

ကွန်မင့်များ (2)
Share

အတွေး

ပြန်ပေးလို့ကျေးဇူးတင်ပါတယ်။ ယူခဲ့တုန်းက ကျောင်းရဲ့တာဝန်ရှိသူထံ တရားဝင်တောင်းခဲ့တာလား၊ တာဝန်ရှိသူကရော သူ့သဘောနဲ့ပေးလို့ရသလား၊ ဒါမှမဟုတ် ကိုယ့်သဘောနဲ့ကိုယ် ယူခဲ့တာလားဆိုတာကတော့ စဉ်းစားစရာပါပဲ။

Aug 17, 2013 11:31 AM

အမည်မဖော်လိုသူ

ပိုင်​ရ႐င်​မ႐န်​လက်​ထဲ​ႅပန်​ေရာက်​သႍား​တာ​ ေကာင်း​ပါ​တယ်။​

Aug 16, 2013 07:29 PM

ဆိုက်တခုလုံးသို့