အမေရိကန် မြန်မာ ဆက်ဆံရေး တရုတ် စိုးရိမ်ဖို့ မလိုဟု အမေရိကန် အရာရှိပြော

အမေရိကန် အစိုးရနဲ့ မြန်မာ အစိုးရ အကြား ဆက်ဆံရေး တိုးမြှင့်မှုဟာ တရုတ်နိုင်ငံကို အနီးကပ် စောင့်ကြည့်ဖို့ ရည်ရွယ်ချက် မရှိတဲ့ အတွက် တိုးတက်မှု တစ်ရပ် အဖြစ် တရုတ် အစိုးရ ရှုမြင် ကြိုဆိုသင့်တယ်လို့ အမေရိကန် အစိုးရက ဒီကနေ့ ပြောလိုက်ပါတယ်။

2011-11-18
Share
burma-china-us-flags-305 မြန်မာ၊ တရုတ်နှင့် အမေရိကန် ပြည်ထောင်စု အလံများ။
RFA

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး Hillary Clinton ကို မြန်မာနိုင်ငံကို စေလွှတ်မယ်လို့ သမ္မတ ဘာရက် အိုဘားမားက ကြေညာလိုက်တဲ့နောက် အမေရိကန် အစိုးရ ထိပ်ပိုင်း တာဝန်ရှိသူတွေက အခုလို ပြောတာပါ။ တစ်ဆက်တည်းမှာပဲ မြန်မာနဲ့အမေရိကန် ၂ နိုင်ငံ ဆက်ဆံရေး တိုးမြှင့်တဲ့ အစီအစဉ်တွေနဲ့ ပတ်သက်ပြီး တရုတ် အစိုးရကိုလည်း တိုင်ပင် ဆွေးနွေးသွားမယ်လို့ ပြောပါတယ်။

အမည် မဖေါ်လိုတဲ့ အမေရိကန် အစိုးရ အရာရှိ တစ်ဦးကတော့ မြန်မာ အမေရိကန် ဆက်ဆံရေး တိုးမြှင့်တဲ့ ကိစ္စဟာ မြန်မာနိုင်ငံ အရေး ဖြစ်ပြီး တရုတ်နိုင်ငံ အရေး မဟုတ်ဘူးလို့ ပြောပါတယ်။ မြန်မာနိုင်ငံ တည်ငြိမ် အေးချမ်းရေးနဲ့ နိုင်ငံတကာ အဝန်းအဝိုင်းမှာ ပါဝင်လာနိုင်ရေးကို တရုတ် အစိုးရ အနေနဲ့ လိုလားသင့်ပါတယ်လို့ဆိုပါတယ်။

နိုင်ငံရေး အကဲခတ်သူတွေ ကတော့ တရုတ်ရဲ့အိမ်နီးချင်း နိုင်ငံတွေ အပေါ် အမေရိကန် သြဇာ လွှမ်းမိုးလာမဲ့ အရေးကို တရုတ် အစိုးရ စိုးရိမ်မှု ကြီးမားလာတယ်လို့ ရှုမြင် သုံးသပ်နေကြပါတယ်။

Anonymous says:
2011-11-20 12:42

BULL SHIT!CHINA

Anonymous says:
2011-11-19 13:34

We Burmese are always optimistic as current situation is a promising wind of new political change as things are moving forward, dramatically so we Burmese look this situation in positive way as DSKK even agreed to re-register her party and participate in by-election. Look at the world, everybody knows the attitude of 50 old military government, and their puppet civilian unformed government, but all are positively pushing the current government to make more changes, thus we people of Burma suffering distress for more than 5 decades should also have entitlement to expect some wind of reconciliation and democratic reform in our war-tern and socially-ailed country. We Burmese should also be united and support the effort of DSKK,UTS (the president, Mr. Obama, Mr. Moon and others well-wisher who want to see Burma as a leading Asian country and a blooming eastern STAR again. Thanks

Anonymous says:
2011-11-19 02:52

တရုတ်ကိုဆန့်ကျင်ရမယ် ..တရုတ်ဟာ သူ့နိုင်ငံကောင်းစားရေးကလွဲရင် တခြားဘယ်နိုင်ငံကိုမှဂရုစိုက်တတ်တဲ့သူ မဟုတ်ဘူး

Anonymous says:
2011-11-21 00:33

Whoever tries to coorporate with Myanmar goverment, should firstly listen to the public's voice, even including Myanmar government. We don't want weapon from any other countries in order to kill Myanmar civillians as used to, likewise we don't want any action that non-benefit to Myanmar but benefit to China!!!!!!! Stop right now.

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

ဆိုက်တခုလုံးသို့