ရန်ကုန်မြို့ရှိ အမေရိကန်စင်တာ ပစ်ခတ်ခံရ

ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်းပေါ်မှာရှိတဲ့ အမေရိကန်စင်တာကို မတ်လ ၂၇ ရက် ဒီကနေ့မှာ သေနတ်နဲ့ ပစ်ခတ်ခံခဲ့ရတယ်လို့ သံရုံးက အတည်ပြုထုတ်ပြန်ပါတယ်။

သေဆုံးထိခိုက်ဒဏ်ရာသူတော့ မရှိဘူးလို့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးရဲ့ တွိတာစာမျက်နှာမှာရေးထားပါတယ်။

ပစ်ခတ်ခံရမှုနဲ့ ပတ်သက်ပြီး စုံစမ်းဖော်ထုတ်နေပြီလို့လည်းဆိုပါတယ်။

အမေရိကန်ပြည်ထောင်စုရဲ့ ယဉ်ကျေးမှုတွေ၊ နည်းပညာတွေ၊ ဘာသာစကားတွေ သင်ယူနိုင်ဖို့ အမေရိကန်သံရုံးက ဒီစင်တာကို ဖွင့်ထားတာဖြစ်ပါတယ်။

အမေရိကန်စင်တာဟာ မြန်မာနိုင်ငံက လူငယ်တွေအတွက် ဝင်ကြေးအခမဲ့နဲ့ သင်တန်းတွေ ပို့ချပေးနေတာပါ။

စစ်အာဏာသိမ်းမှုနဲ့ ပတ်သက်ပြီး အမေရိကန်နိုင်ငံက ပြင်းပြင်းထန်ထန် ဝေဖန်ရှုတ်ချနေပြီး၊ အာဏာသိမ်းစစ်ခေါင်းဆောင်တွေ၊ မိသားစုတွေနဲ့ စီးပွားရေးတွေကို ဒဏ်ခတ်ပိတ်ဆို့မှုတွေ ဆက်တိုက်လုပ်နေပါတယ်။