မြန်မာပြည်အပေါ် ပိတ်ဆို့မှု အားလုံး အမေရိကန်ပြည်ထောင် စုက ရုပ်သိမ်းလိုက်ပြီ

2016-10-07
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် အမေရိကန်သမ္မတအိုဘားမားတို့ ဝါရှင်တန်ဒီစီမြို့တော်ရှိ သမ္မတအိမ်ဖြူတော်တွင် ၂ဝ၁၆ ခုနှစ် စက်တင်ဘာလ ၁၄ ရက်နေ့က တွေ့ဆုံပွဲအပြီး သတင်းစာရှင်းလင်းစဉ်။
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် အမေရိကန်သမ္မတအိုဘားမားတို့ ဝါရှင်တန်ဒီစီမြို့တော်ရှိ သမ္မတအိမ်ဖြူတော်တွင် ၂ဝ၁၆ ခုနှစ် စက်တင်ဘာလ ၁၄ ရက်နေ့က တွေ့ဆုံပွဲအပြီး သတင်းစာရှင်းလင်းစဉ်။
Photo: The White House

မြန်မာပြည်အပေါ် အမေရိကန်ပြည်ထောင်စုရဲ့ စီးပွားရေးအရပိတ်ဆို့မှုတွေကို သမ္မတ အိုဘားမားက ရုပ်သိမ်း လိုက်ပါပြီ။ အမေရိကန်လွှတ်တော်ကို သောကြာနေ့ မနေ့က ပို့လိုက်တဲ့ အကြောင်းကြားစာမှာ သမ္မတ အိုဘားမား က မြန်မာပြည်မှာ နိုဝင်ဘာလက ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲအပါအဝင် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးဆိုင်ရာ တိုးတက်မှုတွေကြောင့် ပိတ်ဆို့မှုတွေကို ရုပ်သိမ်းဖို့ ဆုံးဖြတ်လိုက်ကြောင်း ဖေါ်ပြထားပါတယ်။

သမ္မတအိုဘားမားရဲ့ အမိန့်အရ မြန်မာနိုင်ငံအပေါ်ပိတ်ဆို့မှုအားလုံးကို ရုပ်သိမ်းလိုက်ပြီဖြစ်တဲ့အတွက် နောက် ဆက်တွဲအဖြစ် အမေရိကန်ဘဏ္ဏာရေးဝန်ကြီးဌာနက မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး ပစ်မှတ်ထား ပိတ်ဆို့ထားတဲ့ ဗိုလ်ချုပ်မှူးကြီးဟောင်း သန်းရွှေ၊ ဒုတိယ ဗိုလ်ချုပ်မှူးကြီးဟောင်း မောင်အေး၊ ဦးတေဇ၊  ယုဇန ဦးဌေးမြင့် ၊ ဇေကမ္ဘာ ဦးခင်ရွှေ၊ ဦးအောင်သက်မန်း၊ ဦးထွန်းမြင့်နိုင်၊ ဦးဇော်ဇော် အပါအဝင် ပိတ်ဆို့ခံထားရသူတွေနဲ့ သူတို့ရဲ့ကုမ္ပဏီတွေအားလုံးကို SDN စာရင်းကနေ ပယ်ဖျက်လိုက်ကြောင်း မနေ့က ကြေညာခဲ့ပါတယ်။

သမ္မတ အိုဘားမားက အိမ်ဖြူတော်ကို နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပြီးခဲ့တဲ့လ လာရောက်စဉ်က မြန်မာပြည်အပေါ် ပိတ်ဆို့မှုတွေကို အမြန်ဆုံးရုပ်သိမ်းမှာဖြစ်ကြောင်း ပြောကြားခဲ့ပြီးနောက် အခု ကြေညာချက် ထွက်လာတာဖြစ်ပါတယ်။

ပိတ်ဆို့မှုတွေကို အခုလို ရုပ်သိမ်းလိုက်ခြင်းဟာ မြန်မာပြည်သူတွေ စီးပွားရေး ပိုမိုတိုးတက်အောင် ကြံဆောင်နိုင် ဖို့အတွက် မှန်ကန်တဲ့ နည်းလမ်းသစ်တရပ်နဲ့ အသိအမှတ်ပြုဆုချီးမြှင့်တာဖြစ်ပါတယ်လို့လည်း သမ္မတ အိုဘားမား က ပြောကြားလိုက်ပါတယ်။

ကွန်မင့်များ (1)
Share

အမည်မဖော်လိုသူ

“တိုင်းပြည်ကပေးဆပ်ရတာတွေများတာနဲ့အတူ ….. ဒေါ်အောင်ဆန်းစုကြည်ရဲ့အနစ်နာခံမှု”
အမေရိကန်ရဲ့ စီးပွားပိတ်ဆို့ဒဏ်ခတ်မှုကို စတင်တောင်းဆိုခဲ့တာဒေါ်အောင်ဆန်းစုကြည်ပါ။ အခုလက်ရှိနိုင်ငံရေးအနေအထားအရ တိုင်းပြည်ကောင်းစားရေးအတွက်ရှေ့ဆက်တိုးဖို့က ဗိုလ်သန်းရွှေတို့ အုပ်စုနဲ့ အပေးအယူညှိနှိုင်းမှုတွေနဲ့အတူ ဒဏ်ခတ်မှုကိုဖွင့်ပေးဖို့တောင်းဆိုခဲ့ရတာလည်း ဒေါ်အောင်ဆန်းစုကြည်ပါ။ ဒီလိုလုပ်လိုက်တဲ့အတွက် - တိုင်းပြည်ရဲ့ သူခိုးများနှင့်အတူသူဝှက် ခရိုနီ တို့ ငွေကြေးခ၀ါချမှုအခွင့်အလမ်းများ ပွင့်လင်းသွားတဲ့အချိန်အခါဖြစ်ပေါ်လာပါပြီ။ ဒါကိုလည်း ဒေါ်အောင်ဆန်း စုကြည်အနေနဲ့ သိရှိပြီးဖြစ်ပါတယ်။ ထို့အတူ ကုဋေနဲ့ ချီ ရှိတဲ့ တိုင်းပြည်ဘဏ္ဍာတွေကိုခိုးဝှက် ထား တာ တွေလည်း သူခိုးအုပ်စုက ငွေဖြူဖြစ်အောင် လုပ်ဖို့ အခွင့်အလမ်းပေါ်လာပြီဆိုတာလည်း အများပြည်သူ သိရှိကြလိမ်မယ်လို့ယုံကြည်ပါတယ် - ဒါ့ကြောင့် တိုင်းပြည်က ပေးဆပ်ရတာတွေကများလှပါတယ်။ ဒါကိုသိသိကြီးနဲ့ တိုင်းပြည်အတွက် လုပ်ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ကိုလည်းနားလည်ပေးပြီး ချီးကျူးအပ်ပါတယ်။ ဒီလိုမှ မလုပ်ရင် - ဒင်းတို့တသိုက်က ထွက်လမ်းမရှိချောင်ပိတ်နေတဲ့ ခွေးများလို ပြန်ကိုက်နေကြတာကိုဖြေရှင်းတဲ့နည်းတစ်ခုဖြစ်ပါတယ်။ ဥပမာ - တိုင်းရင်းသားလက်နက်ကိုင်အုပ်စုတွေကို စစ်ပွဲတွေနဲ့ထိုးစစ်ဆင်ပြီးငြိမ်းချမ်းရေးပျက်ပြား အောင်လုပ် နေခြင်းများ။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ကိုပြင်ဆင်ဖို့ တင်းခံနေခြင်း စသည်အားဖြင့်……။ အဓိက ကတော့ ဗိုလ်သန်းရွှေတို့ အုပ်စုက သူတို့ အတွက်လုံခြုံခိုင်မာတဲ့ အကာအကွယ်တစ်ခုရဖို့ အတွက် ဒေါ်အောင်ဆန်းစုကြည်နဲ့ ညှိနှိုင်းနေတာ ပဲဖြစ်ပါတယ်။ ဒါကိုဒေါ်အောင်ဆန်းစုကြည်က နားလည်ထားသလို တိုင်းသူပြည်သားများလည်း နားလည်ပေးဖို့လိုမယ်လို့ထင်ပါတယ်။ ဒါမှ မိမိတိုလိုချင်တဲ့ ငြိမ်းချမ်းသာယာပြီး စစ်မှန်တဲ့ဒီမိုကရေစီရှိတဲ့ တိုင်းပြည်ဖြစ်လာမယ်လို့ မျှော်လင့်မိပါကြောင်း။

Oct 09, 2016 10:48 PM

ဆိုက်တခုလုံးသို့