အမေရိကန်ပိတ်ဆို့ အရေးယူမှုတချို့ လျှော့ပေါ့ပြီး သက်တမ်းတစ်နှစ်တိုးမြှင့်

2016-05-17
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ

မြန်မာနိုင်ငံမှာ နိုင်ငံရေးအသွင်ကူးပြောင်းမှုတွေ၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာမှုတွေကြောင့် အမေရိကန် ပြည်ထောင်စုက ပိတ်ဆို့အရေးယူမှုတချို့ကို ဖယ်ရှားပေးလိုက်သလို၊ တစ်ဘက်မှာလည်း စစ်တပ်ရဲ့ လူ့အခွင့်အရေးချိုးဖေါက်မှုတွေ၊ မြောက်ကိုရီးယားနဲ့ ကုန်သွယ်ဆက်ဆံမှုတွေကြောင့် ပိတ်ဆို့အရေးယူမှုတချို့ကို သက်တမ်းတိုးလိုက်ကြောင်း သမ္မတ အိုဘားမားက မေလ ၁၇ ရက်နေ့ နေ့စွဲနဲ့ ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။

မြန်မာနိုင်ငံရဲ့ ငွေကြေးအဖွဲ့အစည်းတွေနဲ့ နိုင်ငံပိုင်ကုမ္ပဏီ ၇ ခုကို ပိတ်ဆို့မှု ပြန်လည်ရုပ်သိမ်းလိုက်ပြီး၊ အမည်ပျက်စာရင်းသွင်းခံထားရသူ ဦးစတီဗင်လော (ခေါ်) ဦးထွန်းမြင့်နိုင်နဲ့ သူ့ရဲ့ကုမ္ပဏီ ၆ ခုအပေါ် ပိတ်ဆို့အရေးယူထားတာတွေကို နောက်ထပ်သက်တမ်းတိုးလိုက်တာဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ အစိုးရသစ်ရဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေ ရရှိထားတဲ့ အရှိန်အဟုန်ကို ဆက်လက် ထိန်းသိမ်းထားကို မြင်တွေ့လိုကြောင်း အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူ က ပြောပါတယ်။ အရေးယူမှုတွေ ဆက်ရှိနေပေမယ့် မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး နောက်ကြောင်းပြန်လှည့်မသွားစေဖို့၊ အမေရိကန်ပြည်ထောင်စုအနေနဲ့ မြန်မာအစိုးရ၊ မြန်မာပြည်သူတွေနဲ့ လက်တွဲ ဆောင်ရွက်သွားမယ်လို့လည်း သမ္မတအိုဘားမားက ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့