ဘင်္ဂလားဒေ့ရှ်နဲ့ ရိုဟင်ဂျာတွေကို ကူညီဖို့ အမေရိကန်တိုက်တွန်း

2015-05-16
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ

ဘင်္ဂလားဒေ့ရှ်ကနေ ထိုင်းနိုင်ငံကို ပင်လယ်ဖြတ်ပြီးရောက်သွားတဲ့ ရိုဟင်ဂျာ မွတ်စလင်တွေကို ယာယီစောင့်ရှောက်ရေးစခန်းတွေဖွင့်ပြီးကူညီထားဖို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီက ထိုင်း နိုင်ငံခြားရေးဝန်ကြီးကို မနေ့ကတိုက်တွန်း ပြောဆိုလိုက်ပါတယ်။

ထောင်နဲ့ချီတဲ့ ဘင်္ဂလားဒေ့ရှ်နဲ့ ရိုဟင်ဂျာမွတ်စလင်တွေအတွက် မိမိတို့အနေနဲ့ စိုးရိမ်ပူပန်နေဆဲ ဖြစ်သလို၊ အတ္တမန်ပင်လယ်ဖြတ်ပြီး ရောက်လာတဲ့လူတွေရဲ့ အခြေအနေကိုမေးမြန်းဖို့နဲ့ သူတို့ကို ယာယီကူညီထားနိုင်မယ့် အခြေအနေတွေ အတွက် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီက ထိုင်းနိုင်ငံခြားရေး ဝန်ကြီးကို ကြာသပတေးနေ့ညက တယ်လီဖုန်းနဲ့ဆက်ပြီး ပြောဆိုဆွေးနွေးခဲ့တယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဌာန ပြောခွင့်ရသူ Jeff Rathke က နေ့စဉ်ပြုလုပ်နေကျ သတင်းစာရှင်းလင်းပွဲမှာ ပြောသွားတာဖြစ်ပါတယ်။

ဒီကိစ္စတွေ အတွက် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်အပါအဝင် ဒေသတွင်းနိုင်ငံတွေက သံအမတ်တွေ ကလည်း သက်ဆိုင်ရာနိုင်ငံတွေရဲ့အစိုးရတွေနဲ့ အထူးစေ့စပ်ညှိနှိုင်းဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

ဒါကြောင့် အခုလိုလှေစီးထွက်ပြေးလာတဲ့ လူတွေအရေးနဲ့ ပတ်သက်လို့ သက်ဆိုင်ရာ အစိုးရတွေ အတူတကွ ပူးပေါင်းဆောင်ရွက်ဖို့၊ ပင်လယ်ထဲမှာရှိနေသေးတဲ့ လူတွေကိုလည်း အလျှင်အမြန် ကယ်ကြဖို့နဲ့ ကိုယ့်နိုင်ငံကိုရောက် လာတဲ့လှေတွေကို ပင်လယ်ထဲ ပြန်မောင်းထုတ်တာတွေ ရှောင်ကျဉ်ကြဖို့ မိမိတို့အနေ နဲ့တိုက်တွန်းကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူ Rathke ကပြောလိုက်ပါတယ်။

ဒါ့အပြင် အဲဒီထွက်ပြေးလာတဲ့လူတွေကိစ္စနဲ့ ပတ်သက်လို့ ဒီလ ၂၉ ရက်နေ့ ထိုင်းနိုင်ငံမှာ ဆွေးနွေးကြဖို့ ထိုင်းအစိုးရ ကဖိတ်ထားတာကို အမေရိကန်အစိုးရကလည်း ကိုယ်စားလှယ် အဖွဲ့စေလွှတ်ဖို့ စီစဉ်ထားတယ်လို့ပြောပါတယ်။

ပင်လယ်ဖြတ်ပြီး ထွက်ပြေးနေကြတဲ့ ဘင်္ဂလားဒေ့ရှ်နဲ့ ရိုဟင်ဂျာမွတ်စလင်တွေရဲ့ အခြေအနေနဲ့ သူတို့ကိစ္စနဲ့ ပတ်သက်လို့ ပြည်တွင်း၊ ပြည်ပသဘောထားတွေကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် က စုစည်းတင်ပြထား ပါတယ်။

ကွန်မင့်များ (4)
Share

အမည်မဖော်လိုသူ

It is very easy to approve their nationality.Those who can speak in Myanmar or in Arakanese are from Myanmar.If not, they are from Bangladesh.

May 20, 2015 06:45 AM

JU Nit

နေရပ်- Omaha

Hey, kyAW, You must stop your racist ideololgy, Rohingyas are not came from Bangladesh.They were indigenous people of Arakan land.You must stop your's jealous mindset.Rohingyas are not Bengali, as like Rakhines are Not Burman.

May 18, 2015 06:49 AM

Kyaw

နေရပ်- U.S.A

This problem is totally Bangladesh population explosion. Bangladesh government have no family plan. They have no control their population since 1972. The country is so power and depended on foreign donations. As the result of question, Bengalis migrants make huge problem in Chittagong Hil Tract in Bangladesh, Assam in India, Arakan in Burma, and South-East Asia countries. Corrupt UN and International communities need to discuss all these puzzles are made by Bangladesh. This population explosion is now threatening the neighboring countries' national security.

May 16, 2015 09:45 AM

အမည်မဖော်လိုသူ

Bring them to u s a

May 16, 2015 08:29 AM

ဆိုက်တခုလုံးသို့