တောင်သူတွေကို USAID ကူညီမယ်

2016-05-03
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
USAID ရဲ့ အုပ်ချုပ်ရေးမှူး Gayle Smith (အလယ်)ကို ရန်ကုန်မြို့ အမေရိကန်သံရုံးမှာ  မေလ ၃ ရက်နေ့ကကျင်းပတဲ့ သတင်းစာ ရှင်းလင်းပွဲမှာ တွေ့ရစဉ်
USAID ရဲ့ အုပ်ချုပ်ရေးမှူး Gayle Smith (အလယ်)ကို ရန်ကုန်မြို့ အမေရိကန်သံရုံးမှာ မေလ ၃ ရက်နေ့ကကျင်းပတဲ့ သတင်းစာ ရှင်းလင်းပွဲမှာ တွေ့ရစဉ်
Photo: Myo Zaw Ko/ RFA

မြန်မာ့လယ်ယာနဲ့ စိုက်ပျိုးရေးကဏ္ဍရဲ့ နိုင်ငံခြားပို့ကုန်မူဝါဒတွေ တိုးတက်ကောင်းမွန်ဖို့နဲ ဒေသခံတောင်သူတွေ ရဲ့ဘဝ မြင့်တက်ဖို့ USAID အနေနဲ့ အကူအညီပေးသွားမယ်လို့ အမေရိကန် နိုင်ငံတကာဖွံ့ဖြိုးရေးအေဂျင်စီ USAID ရဲ့ အုပ်ချုပ်ရေးမှူး Gayle Smith က ဒီကနေ့ ပြောလိုက်ပါတယ်။

ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်းမှာရှိတဲ့ အမေရိကန်သံရုံးမှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ USAID ရဲ့ အုပ်ချုပ်ရေးမှူး Gayle Smith က ပြောခဲ့တာဖြစ်ပါတယ်။

"စိုက်ပျိုးရေးလုပ်ငန်းတွေမှာ ဒေသခံထုတ်လုပ်သူတွေ ဝင်ငွေတိုးတက်ဖို့နဲ့ ပုဂ္ဂလိက ကဏ္ဍဖွံ့ဖြိုးအောင် ကျမတို့အကူ အညီပေးသွားမှာပါ။ နိုင်ငံခြားကို စိုက်ပျိုးရေးထွက်ကုန်တွေ ပိုပြီးတင်ပို့နိုင်အောင်နဲ့ နိုင်ငံခြားပို့ကုန်မူဝါဒတွေ တိုးတက်ကောင်းမွန်ဖို့ကိုလည်း အစိုးရကိုအကြံပေး ကူညီသွားမှာ ဖြစ်တယ်လို့" USAID ရဲ့ အုပ်ချုပ်ရေးမှူးGayle Smith က ပြောခဲ့တာဖြစ်ပါတယ်။

USAID အုပ်ချုပ်ရေးမှူး Gayle Smith ဟာ သူရဲ့ပထမဆုံး မြန်မာနိုင်ငံ ခရီးစဉ်အတွင်း USAID က အကူအညီပေး ထားတဲ့ စိုက်ပျိုးရေးလုပ်ငန်းတွေကို သွားရောက်ကြည့်ရှူ့ခဲ့သလို အစိုးရအဖွဲ့ တာဝန်ရှိသူတွေ၊ အရပ်ဘက်လူမှုအဖွဲ့ အစည်းတွေနဲ့လည်း တွေ့ဆုံခဲ့ပါတယ်။

Gayle Smith ဟာ သူ့ရဲ့ မြန်မာနိုင်ငံခရီးစဉ်ဟာ သမ္မတဦးထင်ကျော်တာဝန်ယူပြီး မြန်မာနိုင်ငံကို လာရောက်တဲ့ အမေရိကန်အစိုးရရဲ့ အဆင့်မြင့် အရာရှိတစ်ဦးရဲ့ခရီးစဉ်လည်း ဖြစ်ပါတယ်။

ကွန်မင့်များ (1)
Share

သက်အောင်

နိုင်ငံ၏၇၀%ကျော်သည် တောင်သူလယ်သမားများဖြစ်ပီး
မြန်မာ့စိုက်ပျိုးရေးနယ်ပယ်အား လက်မူလယ်ယာမှ စက်မူလယ်ယာ
ဧကအငယ်အသေးလေးများမှ ဧကအကြီး(စိုက်ကွက်ကြီး) များသို့တနည်းအားဖြင့်ကြီးမားသည့်လယ်ယာများကို
Contract Farming သို့ပြောင်းနိုင်မှသာလျှင် မြန်မာ့စိုက်ပျိုးရေး
လယ်ယာအခန်းသည် ပိုမိုတိုးတက်ပြောင်းလဲလာက လယ်သမားများ၏တဦးကျဝင်ငွေသည်လည်း တိုးတက်လာမှာဖြစ်ပါတယ်..
ယင်းသို့ပြုလုပ်မှသာ လယ်ယာလုပ်သား ရှားပါးမူပြသနာကို ဖြေရှင်း
နိုင်မည်ဖြစ်ပါတယ်

May 04, 2016 12:02 AM

ဆိုက်တခုလုံးသို့