၂၀၀၈ ဖွဲ့စည်းပုံမှာ ပြင်စရာသိပ်မရှိလို့ ဦးဌေးဦးပြော
2012.02.02
ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ အောက်တိုဘာ ၂၇ ရက်က ကျင်းပသော ပထမဆုံးအကြိမ် သတင်းစာ ရှင်းလင်းပွဲတွင် ပါတီ အထွေထွေ အတွင်းရေးမှူး ဦးဌေးဦး ရှင်းလင်းပြောကြားနေပုံ ဖြစ်ပါသည်။ ဗိုလ်ချုပ်ဟောင်း ဦးဌေးဦးသည် စစ်အစိုးရ၏ လယ်ယာ စိုက်ပျိုးရေး ဝန်ကြီးလည်း ဖြစ်သည်။ (Photo: AFP)
Photo: AFP)
လာမယ့် ဧပြီ ၁ရက်မှာ ကျင်းပမယ့် ကြားဖြတ် ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး အလားအလာတွေကို အာအက်ဖ်အေက သီးသန့်
ဆက်သွယ် မေးမြန်းစဉ်မှာ ပါတီအထွေထွေ အတွင်းရေးမှူး ဦးဌေးဦးက ခုလိုပြောတာပါ။
ကြားဖြတ် ရွေးကောက်ပွဲမှာ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက လစ်လပ်နေတဲ့ အမတ် ၄၈ နေရာမှာ ဝင်ပြိုင်ဖို့ မနေ့က စာရင်း
ထုတ်ပြန်ခဲ့ပါတယ်။ ကြံ့ခိုင်ဖွံဖြိုးရေးပါတီ ကိုယ်စားလှယ်တွေ ဒေသတွင်း မဲဆွယ်ရာမှာ လျှပ်စစ်မီး ရရှိရေးအပြင် လမ်းပြင်ပေးမယ်
တံတား ဆောက်ပေးမယ် စတဲ့ မက်လုံး တွေပေးပြီး မဲဆွယ်နေတာနဲ့ ပတ်သက်လို့ အစိုးရနဲ့ ကြံခိုင်ဖွံ့ဖြိုးရေးပါတီ ကွဲကွဲပြားပြား
ရှိပါသလားလို့ အာအက်ဖ်အေက မေးမြန်းရာမှာ ဦးဌေးဦးက“အစိုးရ မဟုတ်ပါဘူး။ အစိုးရ မပါပါဘူး။ တချို့ကိစ္စတွေကျတော့ ဥပမာအားဖြင့် လမ်းမီးတွေ ဘာတွေဆွဲတာ လိုင်းတွေ ဘာတွေ ပြင်ကြတော့လည်း ကျွန်တော်တို့ တိုက်တွန်းပေးတာပေါ့။
အစိုးရသိအောင် တင်ပြတဲ့ အချိန်ကျတော့ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးအတွက် သူတို့ဆောင်ရွက်တဲ့ အချိန်ကျတော့ ဒီအချက်ကလေးတွေ သိတယ်ဆိုရင် သူတို့လည်း စဉ်းစားပြီး လုပ်ပေးတာတွေ ရှိတာပေါ့”။
ဦးဌေးဦးက ကိုယ်စားလှယ်လောင်းတွေကို ရွေးချယ်ရာမှာ လူထု သဘောကျမယ့်သူတွေကို ရွေးချယ်ထားပြီး ပြည်သူနဲ့ ဒေသအပေါ်
စေတနာကောင်းနဲ့ ဆောင်ရွက်သူတွေကို အဓိကထားကြောင်း ပြောဆိုပါတယ်။
ကြံခိုင်ဖွံ့ဖြိုးရေးပါတီ အထွေထွေ အတွင်းရေးမှူး ဦးဌေးဦးကို ကိုဉာဏ်ဝင်းအောင် ဆက်သွယ်မေးမြန်းထားပါတယ်။
| ဆက်သွယ်မေးမြန်းချက်။ |
|
| အသံဖိုင်ယူရန်။ |









