မှော်ဘီလယ်သမားတွေကို ဦးရွှေမန်း ကတိပေး

2014-12-31
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းပုံ
ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းပုံ
photo: RFA/ Win Naung Toe

မြန်မာနိုင်ငံရဲ့ မြေယာမြေသိမ်းဆည်းမှု ပြဿနာတွေကို အစိုးရအပြင် လွှတ်တော်ကပါ တာဝန်ယူဖြေရှင်းပေးဖို့ လိုအပ်ကြောင်း ပြည်သူ့လွှတ်တော် ဥက္ကဌ သူရ ဦးရွှေမန်းက ဒီကနေ့ တိုက်တွန်းလိုက်ပါတယ်။

ရန်ကုန်တိုင်းဒေသကြီး မှော်ဘီမြို့နယ် အားကစားကွင်း မှာကျင်းပတဲ့ တောင်သူလယ်သမားရေးရာ လူထုတေ့ွဆုံ ပွဲမှာ ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းက ပြောကြားခဲ့တာပါ။

လယ်ယာမြေပြဿနာတွေကို လက်ရှိပြဌာန်းထားတဲ့ လယ်ယာမြေဥပဒေနဲ့အညီ ဖြေရှင်းပေးဖို့ လိုအပ်ကြောင်းနဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီထံ တိုင်ကြားမှုတွေကို လည်း ဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်းလည်း ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းက ပြောခဲ့ပါတယ်။

တောင်သူလယ်သမားရေးရာ လူထုတွေ့ဆုံပွဲကို မှော်ဘီမြို့နယ် ပြည်ထောင်စု ကြံံ့ခိုင်ရေးနှင့် ဖံ့ွဖြိုးရေးပါတီက ပါတီဝင်တွေနဲ့ ဒေသခံလယ်သမားတွေ တက်ရောက်ခဲ့ကြပါတယ်။

ကွန်မင့်များ (1)
Share

ကြိုဆိုပါတယ်

နရေပျ- လေးစားပါတယ် ဗိုရွှေမန်း

လက်ပံတောင်းတောင်လယ်မြေများအတွက် မျှော်လင့်ချက်ရောင်ခြည် ပေါ့။

Dec 31, 2014 10:20 PM

ဒီလူ ခက္ပါၿပီ

နေရပ်- ငရဲႀကီးတတ္တယ္ .ဟင့္

ခင်ဗျားလည်း “မည်းမည်းမြင်တိုင်း ယောက္ခမထန်းတော” လုပ်နေပြန်ပြီ။ “သူရ”ဦးရွှေမန်းပြောတာ မှော်ဘီပရိသတ်အတွက်ပဲ။ အဲဒီနယ်က မဲတွေ “သူရဖို့” ဆွယ်နေတာ။

Jan 01, 2015 07:14 PM

ဆိုက်တခုလုံးသို့