ရိုဟင်ဂျာကိစ္စ မြန်မာ ပူးပေါင်းခြင်းမရှိဟု ကုလကို ဘင်္ဂလားဒေ့ရှ် တင်ပြ

2019-06-13
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးဌာန အတွင်းဝန် Shahriar Alam နဲ့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် Antonio Guterres တို့ ၂၀၁၉ ဇွန် ၁၂ ရက်နေ့က နယူးယောက်မြို့မှာ တွေ့ဆုံစဉ်
ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးဌာန အတွင်းဝန် Shahriar Alam နဲ့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် Antonio Guterres တို့ ၂၀၁၉ ဇွန် ၁၂ ရက်နေ့က နယူးယောက်မြို့မှာ တွေ့ဆုံစဉ်
Photo: Mohammed Shahriar Alam's FB

ရိုဟင်ဂျာတွေ ပြန်ပို့ရေးကိစ္စမှာ မြန်မာအစိုးရအနေနဲ့ ပူးပေါင်းဆောင်ရွက်ခြင်း မရှိဘူးလို့ ဘင်္ဂလားဒေ့ရှ် အစိုးရက ကုလသမဂ္ဂကို မနေ့က တင်ပြလိုက်ပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးဌာန အတွင်းဝန် Shahriar Alam ရှာရီယာ အလန်မ် က ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် Antonio Guterres အန်တိုနီယို ဂွတ်တားရက်ဇ် နဲ့ နယူးယောက်မြို့က တွေ့ဆုံပွဲမှာ အခုလိုပြော ကြားခဲ့တာလို့ သိရပါတယ်။ ဒါ့အပြင် သူက ရိုဟင်ဂျာအရေးနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံက တာဝန်ရှိသူတွေကို ICC နိုင်ငံတကာ ရာဇဝတ်မှုခုံရုံးတင်ရေးအတွက် နည်းလမ်းအဆင့်ဆင့်ကိုလည်း ကုလ အတွင်းရေးမှူးချုပ်ကို တင်ပြခဲ့တယ်လို့ ဆိုပါတယ်။
ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့