မြန်မာ့အရေး ဗီယက်နမ် ကူညီမည်

မြန်မာနိုင်ငံရဲ့ အမျိုးသားပြန်လည်ရင်ကြားစေ့ရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပံ့ပိုးကူညီမယ်လို့ ဗီယက်နမ် ဒု ဝန်ကြီးချုပ် ဗွန်ဒင်ဟွေး က ပြောလိုက်ပါတယ်။ ဇွန်လ ၁၇ ရက်နေ့က နေပြည်တော်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပြောဆိုခဲ့တာပါ။

ဗီယက်နမ်အနေနဲ့ မြန်မာနိုင်ငံမှာ ကျောက်မိုင်းထုတ်လုပ်ရေး၊ လောင်စာဆီ ကုန်သွယ်ဖြန့်ဖြူးရေး၊ တယ်လီဖုန်း ဆက်သွယ်ရေးနဲ့ သစ်တောစိုက်ပျိုးရေး စတဲ့ လုပ်ငန်းတွေမှာ ဗီယက်နမ်ရဲ့ အခန်းကဏ္ဍနဲ့ပတ်သက်ပြီး ပြောကြားခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကလည်း နှစ်နိုင်ငံ အပြန်အလှန် ပူးပေါင်းဆောင်ရွက်နေသလို၊ ဗီယက်နမ်လုပ်ငန်းတွေကို ဥပဒေနဲ့အညီ ဦးစားပေးခွင့်ပြုနေကြောင်း ပြောဆိုခဲ့ပါတယ်။

ဗီယက်နမ်ဟာ မြန်မာနိုင်ငံရဲ့ နဝမမြောက် အကြီးဆုံး ကုန်သွယ်ဘက်ဖြစ်ပြီး၊ မြန်မာနိုင်ငံအတွင်း သတ္တမမြောက် ရင်းနှီးမြှုပ်နှံသူလည်းဖြစ်ပါတယ်။