ဝမ်ပေါင်ရုံးရှေ့ ဆန္ဒပြသူများ ရဲတပ်ဖွဲ့က တားမြစ်
စစ်ကိုင်းတိုင်းဒေသကြီး ဆားလင်းကြီး မြို့နယ်က လက်ပံတောင်းတောင် ကြေးနီ စီမံကိန်း အမြန်ဆုံးရပ်တန့်ပေးဖို့ မနေ့က ဝမ်ပေါင် ကုမ္ပဏီရှေ့ကို သွားရောက်ဆန္ဒပြတဲ့ လယ်သမား ၂၀၀ လောက်ကို လုံခြုံရေး ရဲအင်အား ၂၀ ကျော်လောက်က တားမြစ်ခဲ့ပါတယ်။
-
2016-05-04 -
-
-
စစ်ကိုင်းတိုင်းဒေသကြီး ဆားလင်းကြီးမြို့နယ်က လက်ပံတောင်းတောင် ကြေးနီစီမံကိန်း အမြန်ဆုံးရပ်တန့်ပေးဖို့ မနေ့က ဝမ်ပေါင် ကုမ္ပဏီရှေ့ကို သွားရောက်ဆန္ဒပြတဲ့ လယ်သမား ၂၀၀ လောက်ကို လုံခြုံရေး ရဲအင်အား ၂၀ ကျော်လောက်က တားမြစ်ခဲ့ပါတယ်။
ဒီလအတွင်းမှာ ကြေးနီသတ္တု စတင်ထုတ်တော့မှာဖြစ်တဲ့အတွက် ဒေသခံတွေက မကျေနပ်တာကြောင့် ဆန္ဒပြတာ ကို တားမြစ်တာဖြစ်တယ်လို့ ဆည်တဲရွာသူ မနွယ်နွယ်ဝင်း က ပြောပါတယ်။
"သူတို့ကလည်း ၅ ရက် ၅ လ ၂ဝ၁၆ မှာ ကြေးနီထုတ်တော့မှာလို့ ပြောတဲ့အတွက် ဒေသခံတွေက မကျေနပ်တဲ့အတွက် လာရောက်ဆွေးနွေးတာဖြစ်တယ်၊ သူတို့ဘက်က ပြေလည်အောင်ဖြေရှင်းဖို့ လူကြီးတွေ ခေါ်မပေးဘူး"
ဆန္ဒပြပွဲကို ဆည်တဲ၊ တုံ၊ အလယ်တော၊ အလယ်ရွာ၊ တောကျောင်း၊ ရွာသစ်၊ လယ်တီ၊ မိုးကြိုးပြင် တောင်ရွာ ၊ မြောက်ရွာ က ဒေသခံတောင်သူတွေ ပါဝင်ခဲ့ကြပြီး ဝမ်ပေါင်ကုမ္ပဏီ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံခွင့်ပေး ဖို့လည်း တောင်းဆိုခဲ့ကြပါတယ်။