မဲစာရင်းအလွဲအမှားနဲ့ အာဏာပိုင်တွေရဲ့ မမှန်မကန်ဆောင်ရွက်ချက်

မဲစာရင်း အလွဲအမှားတွေ ထပ်မံတွေ့ရှိရကြောင်းနဲ့ ကြားဖြတ်ရွေးကောက်ပွဲ မတိုင်ခင် မမှန်မကန် လုပ်ဆောင်မှုတွေ တွေ့နေရကြောင်း NLDပါတီက ဒီကနေ့ သတင်းထုတ်ပြန်လိုက်ပါတယ်။
2012-03-21
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
၂၀၁၂ ခုနှစ် ဖေဖော်ဝါရီ ၂၀ ရက်တွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ရုံးချုပ်တွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲ၌
ဦးဥာဏ်ဝင်းက သတင်းထောက်များအား ရှင်းလင်းနေစဉ်။
၂၀၁၂ ခုနှစ် ဖေဖော်ဝါရီ ၂၀ ရက်တွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ရုံးချုပ်တွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲ၌ ဦးဥာဏ်ဝင်းက သတင်းထောက်များအား ရှင်းလင်းနေစဉ်။
RFA

ဧရာဝတီတိုင်း၊ မြောင်းမြမြို့နယ်၊ မကွေးတိုင်း၊ တောင်တွင်းကြီးမြို့နယ်နဲ့ ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်တွေမှာ မဲစာရင်း အလွဲအမှားတွေဖြစ်နေပြီး၊ သက်ဆိုင်ရာ မြို့နယ်ကော်မရှင်တွေက မဲစာရင်းအတိအကျ မထုတ်ပြန်သေးတာရှိသလို၊ မဲပေးခွင့်ရှိပါလျက်နဲ့ မဲစာရင်းထဲ မိမိတို့အမည်တွေ မပါဝင်သေးသူတွေ အများအပြားတွေ့နေရကြောင်း၊ NLD ပါတီရဲ့ လေ့လာတွေ့ရှိချက်တွေကို ဒီကနေ့ ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။

လာမယ့် ကြားဖြတ်ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး NLD ပါတီက ဆောင်ရွက်ချက်တွေကို ပြည်သူတွေသိအောင် ထုတ်ပြန်ရတာဖြစ်တယ်လို့ ရွေးကောက်ပွဲအောင်နိုင်ရေး မန်နေဂျာ ဦးဥာဏ်ဝင်းက RFAကို ပြောပါတယ်။

NLD ပါတီက စောင့်ကြည့်လေ့လာပြီး၊ သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင်တွေကို တင်ပြ ညှိနှိုင်း နိုင်ခဲ့တာကြောင့်၊ မဲပေးခွင့်ရှိသူ ၃ သောင်းခွဲကျော် မဲစာရင်းထဲ ပါလာပြီဖြစ်ကြောင်း ဦးဥာဏ်ဝင်းက ပြောပါတယ်။

မဲစာရင်း အလွဲအမှားတွေနဲ့ ပတ်သက်ပြီး ရွေးကောက်ပွဲကျင်းပမယ့် ဧပြီလ(၁)ရက်နေ့အထိ အားလုံးကို စိစစ်နိုင်မှာ မဟုတ်ပေမယ့် ထောက်ပြပြောဆိုသင့်တာတွေကို NLD ပါတီက ဆက်လက် ဆောင်ရွက်သွားမှာဖြစ်ကြောင်း၊ NLD ပါတီ ပြောခွင့်ရသူ ဦးဥာဏ်ဝင်းက ပြောပါတယ်။

မဲစာရင်းအလွဲအမှား၊ အာဏာပိုင်တွေရဲ့ မမှန်မကန်ဆောင်ချက်တွေနဲ့ ပတ်သက်ပြီး၊ NLD ပါတီက ရွေးကောက်ပွဲ အောင်နိုင်ရေး မန်နေဂျာ ဦးဥာဏ်ဝင်းကို RFA အဖွဲ့သား ကိုဥာဏ်ဝင်းအောင်က ဆက်သွယ်မေးမြန်းထားပါတယ်။

ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။
ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့