ကိုဝေမိုးနိုင် ထောင် ၁၀ နှစ် ပထမဆုံးအကြိမ် ချမှတ်ခံရ

2022.08.12
ကိုဝေမိုးနိုင် ထောင် ၁၀ နှစ် ပထမဆုံးအကြိမ် ချမှတ်ခံရ မုံရွာသပိတ် ဆန္ဒပြပွဲခေါင်းဆောင် ကိုဝေမိုးနိုင်
Wai Moe Niang/FB

ဖမ်းဆီးခံထားရတဲ့ မုံရွာသပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင်ကို စစ်ကောင်စီက ထောင်ဒဏ် ၁ဝ နှစ် ဒီကနေ့ ချမှတ်လိုက်တယ်လို့ တရားရုံးနဲ့ နီးစပ်သူက RFA ကိုပြောပါတယ်။

သူစွပ်စွဲခံထားရတဲ့အမှုတွေထဲက ရာဇသတ်ကြီးဥပဒေပုဒ်မ ၅ဝ၅ ငါးမှုအတွက် တစ်မှုကို ၂ နှစ်စီနဲ့ စုစုပေါင်း ၁ဝ နှစ် ချမှတ်လိုက်တာလို့ ဆိုပါတယ်။

လူသတ်မှု၊ ဓားပြမှု၊ ဒလန်ရှင်းလင်းမှုတွေ အပါအဝင် နောက်ထပ် ၄ မှု ဆက်လက် ရင်ဆိုင်ဖို့ ကျန်သေးတယ်လို့ သိရပါတယ်။

166038445_3811306002319670_1684144368594758101_n.jpg

"ဝေမိုးနိုင်က ဒီအမှုတွေ အားလုံးအတွက် အယူခံလုံးဝ မဝင်ဘူး။ ဒီအမှုတွေဟာ သူကျူးလွန်ထားတာ မဟုတ်လို့ အယူခံဝင်စရာမလိုဘူးလို့ သူက တရားခွင်မှာ အမြဲပြောတယ်။ ဒီနေ့ ငါးမှုချလိုက်တော့ နောက်ထပ် ၄ မှု အမှုတွဲတွေ ကျန်သေးတယ်" လို့ တရားရုံးနဲ့ နီးစပ်သူက ပြောပါတယ်။

ကိုဝေမိုးနိုင်ကို ပြီးခဲ့တဲ့ ၂ဝ၂၁ ခုနှစ် ဧပြီလ ၁၅ ရက်နေ့မှာ စစ်ကောင်စီက အိမ်စီးကားနဲ့တိုက် ရိုက်နှက်ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒီနောက် စစ်ကြောရေးမှာ အချိန်အတော်အကြာ စစ်ဆေးခံရပြီး စွပ်စွဲပုဒ်မတွေတပ် မုံရွာအကျဉ်းထောင်မှာ ချုပ်နှောင်ခံထားရတာဖြစ်ပါတယ်။

ဒီကနေ့ ပထမဆုံးအကြိမ် အမိန့်ချတဲ့အချိန်မှာ အမှုကိုလိုက်ပါဆောင်ရွက်ပေးတဲ့ ရှေ့နေတွေ မပါခဲ့ဘူးလို့ တရားရုံးနဲ့ နီးစပ်သူက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။