ဝမ်ပေါင်ကုမ္ပဏီကို ဆန္ဒပြ

တရုတ်ဝမ်ပေါင်နဲ့ ဦးပိုင်ကုမ္ပဏီတို့ လုပ် ကိုင်နေတဲ့ လက်ပံတောင်းတောင် ကြေးနီ စီမံကိန်းကို မနက်ဖြန်မှာ ပြန်လည် စတင်တော့မှာဖြစ်တဲ့အတွက် ဒေသခံပြည် သူ ၂ဝဝ ကျော်က ဝမ်ပေါင်ကုမ္ပဏီရုံးကို ချီတက်ပြီး ဒီနေ့ ဆန္ဒပြနေကြပါတယ်။

မုံရွာ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း လုပ်ငန်းခွင်တစ်နေရာကို တွေ့ရစဉ်

တရုတ်ဝမ်ပေါင်နဲ့ ဦးပိုင်ကုမ္ပဏီတို့ လုပ်ကိုင်နေတဲ့ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကို မနက်ဖြန်မှာ ပြန်လည် စတင်တော့မှာဖြစ်တဲ့အတွက် ဒေသခံပြည်သူ ၂ဝဝ ကျော်က ဝမ်ပေါင်ကုမ္ပဏီရုံးကို ချီတက်ပြီး ဒီနေ့ဆန္ဒပြနေကြ ပါတယ်။

ဆန္ဒပြသူတွေကို ရဲတပ်ဖွဲ့ကတားဆီးပိတ်ပင်ခဲ့ပါတယ်။ ဒေသခံတွေက ပြီးခဲ့တဲ့နှစ်နှစ်စာအတွက် သီးနှံလျော်ကြေးပေးဖို့၊ စီမံကိန်းလုံးဝဖျက်သိမ်းဖို့တောင်းဆိုတာလို့ တုံရွာမကျေးရွာက မမာချိုက RFA ကိုပြောပါတယ်။

"၂ဝ၁၄၊ ၂ဝ၁၅ သီးနှံလျော်ကြေးရရှိရေး၊ အစီရင်ခံစာ မလိုက်နာတဲ့အတွက် ကြေးနီးစီမံကိန်း ချက်ချင်းရပ်၊ ၂ဝ၁ဝ မှာ အရင်အစိုးရသစ်က စာချုပ်ချုပ်ဆိုထားတဲ့ စာချုပ်ဟာ ပွင့်လင်းမြင်သာမှု မရှိတဲ့အတွက် ကြေးနီစီမံကိန်း လုံးဝဖျက်သိမ်းရေး အခုဟာက ဒေသခံတွေ ကျေနပ်မှုမရှိဘဲနဲ့ အစီရင်ခံစာ လုံဝမလိုက်နာဘဲ ၅ ရက်နေ့ ၅ လကို လုပ်ငန်းဖော်ဆောင်ပါမယ်လို့ ပြောတဲ့အတွက် ကျမတို့ကလာရောက်ပြီး ကန့်ကွက်တာပါ"

ဒေသခံပြည်သူတွေ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေနဲ့ သဘာဝပတ်ဝန်းကျင် ထိမ်းသိမ်းရေးအဖွဲ့တွေက အဲ့ဒီကြေးနီစီမံကိန်းကြောင့် ထိခိုက်နစ်နာရမယ့်အချက်တွေကို ထောက်ပြထားသလို၊ အရင်အစိုးရလက်ထက်မှာ လည်း ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ စုံစမ်းရေးကော်မရှင်က အစီရင်ခံစာထုတ်ပြန်ထားပါတယ်။

ဒီအတွင်း ဆန္ဒပြပွဲတွေ အကြိမ်ကြိမ်ဖြစ်ခဲ့သလို ဒေသခံတွေဘက်က ရပ်တည်ခဲ့တဲ့ သံဃာတော်တွေ မီးလောင်ဗုံး ထိပြီး ဒဏ်ရာပြင်းပြင်းထန်ထန်ရခဲ့တာ၊ ဒေသခံတောင်သူ ဒေါ်ခင်ဝင်းသေနတ်နဲ့ ပစ်သတ်ခံရပေမယ့် တာဝန်ရှိ သူတွေကို အရေးမယူတာ၊ စတဲ့အကြမ်းဖက်ဖြိုခွဲမှုတွေ ဖြစ်လာတဲ့နောက်ပိုင်း စီမံကိန်းကို ရပ်နားထားခဲ့ပေမယ့်၊ အခု NLD အစိုးရလက်ထက်မှာ ဝမ်ပေါင်နဲ့ ဦးပိုင်ကုမ္ပဏီက ပြန်လည်စတင်ဖို့ ဆောင်ရွက်လာတာဖြစ်ပါတယ်။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကို မနက်ဖြန်မှာ ပြန်လည်စတင်တော့မှာဖြစ်တဲ့အတွက် ဒေသခံပြည်သူတွေ ဒီနေ့ဆန္ဒပြနေကြပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်လို့ တုံရွာမက မမာချို ကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါပြီ။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org