ခရမ်းလွန်ရောင်ခြည်အန္တရာယ် ဦးထွန်းလွင် သတိပေး

လာမယ့်သြင်္ကန်ကာလအတွင်း ခရမ်း လွန်ရောင်ခြည်များ လွန်တဲ့အတွက် မနက် ၁၁ နာရီကနေ ညနေ ၃ နာရီအတွင်း နေပူ ထဲမှာ ရေမကစားကြဖို့ မိုးလေဝသနဲ့ဇလဗေဒပညာ ရှင် ဒေါက်တာ ဦးထွန်းလွင်က သတိပေးပြောကြားလိုက် ပါတယ်။

လာမယ့်သြင်္ကန်ကာလအတွင်း ခရမ်းလွန်ရောင်ခြည်များ လွန်တဲ့အတွက် မနက် ၁၁ နာရီကနေ ညနေ ၃ နာရီအတွင်း နေပူထဲမှာ ရေမကစားကြဖို့ မိုးလေဝသနဲ့ ဇလဗေဒပညာရှင် ဒေါက်တာ ဦးထွန်းလွင်က သတိပေးပြောကြားလိုက်ပါတယ်။

လက်ရှိ ခရမ်းလွန်ရောင်ခြည် အညွန်းကိန်းဟာ ၁၄ အထိရောက်နေတဲ့အတွက် သတိထားကြဖို့ ဒေါက်တာ ဦးထွန်းလွင်က ပြောပါတယ်။

"အခုက ၁၄ ကျော်လောက်ရှိပြီဗျာနော်၊ အားလုံးတက်တာ ၁၄ကျော်လောက်ထိရှိတယ်၊ မနှစ်ကတော့ ၁၅၊ ၁၆ အထိရှိတယ်"

သြင်္ကန်ကာလအတွင်း နေပူထဲမှာ ရေဆော့ကစားကြတဲ့အတွက် ခရမ်းလွန်ရောင်ခြည်ကြောင့် အရေပြားကင်ဆာ၊ မျက်စိတိမ်စွဲတာတွေ ဖြစ်နိုင်တဲ့အတွက် အထူးသတိထားကြဖို့ ပြောပါတယ်။

လက်ရှိနွေရာသီအချိန်အတွင်းမှာလည်း ပူပြင်းလွန်းတဲ့အတွက် အပူဒဏ်ကြောင့် သက်ကြီးရွယ်အိုတွေနဲ့ ကလေးငယ်တွေ အပူဒဏ်သက်သာတဲ့ နေရိပ်ထဲမှာ နေထိုင်ကြပြီး အထူးသတိရှိကြဖို့ လိုအပ်ကြောင်းလည်း ပြောပါတယ်။

ဦးထွန်းလွင်ကို RFA သတင်းထောက် ကိုကျော်သူ ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org