မန္တလေးမြို့မှ ဦးဝီရသူ ချစ်သူများ လက်မှတ်စုဆောင်း

မန္တလေး မစိုးရိမ်ကျောင်းတိုက်ဆရာတော် ဦးဝီရသူကို အဓမ္မဝါဒီလို့ စွပ်စွဲပြောဆိုနေ တာတွေကို ပယ်ဖျက်နိုင်ဖို့ရည်ရွယ်ပြီး ဦးဝီရသူ ချစ်မြတ်နိုးသူတွေ စုပေါင်းပြီး မန္တလေးမြို့မှာ မနေ့ က လက်မှတ်ကောက်ခံပွဲတွေ ပြုလုပ်ခဲ့ပါတယ်။

ဦးဝီရသူ ကို ထောက်ခံသူတွေက မန္တလေးမြို့မှာ ဇွန်လ ၁၅ ရက်နေ့က လက်မှတ်ကောက်ခံခဲ့ကြစဉ် Photo: Hset Paing Toe/RFA

မန္တလေး မစိုးရိမ်ကျောင်းတိုက်ဆရာတော် ဦးဝီရသူကို အဓမ္မဝါဒီလို့ စွပ်စွဲပြောဆိုနေတာတွေကို ပယ်ဖျက်နိုင်ဖို့ ရည်ရွယ်ပြီး ဦးဝီရသူ ချစ်မြတ်နိုးသူတွေ စုပေါင်းပြီး မန္တလေးမြို့မှာ မနေ့ က လက်မှတ်ကောက်ခံပွဲတွေ ပြုလုပ်ခဲ့ ပါတယ်။

မန္တလေးမြို့က နန်းရှေ့ ၁၉ လမ်းဒေါင့်နဲ့ မနော်ဟရီလမ်း ၅၇ လမ်းဒေါင့် တွေမှာ ဦးဝီရသူ ကို ထောက်ခံသူတွေက လက်မှတ် ကောက်ခံခဲ့တာဖြစ်ပါတယ်။ သူတို့တွေက We Love Wirathu လို့ ရေးသားထားတဲ့ စာရွက်ပေါ်မှာ လက်မှတ်ရေးထိုးဖို့ လှုံ့ဆော်ခဲ့ကြပါတယ်။

လက်မှတ်တွေကို တစ်ရက်တည်း ကောက်ခံတာဖြစ်ပြီး လက်မှတ်ပေါင်း ၅ သောင်းလောက်ရဖို့ ရည်မှန်းထားတယ် လို့ လက်မှတ်ကောက်ခံသူတွေက ပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org