ဖယ်ခုံအမတ် ဒေါ်မေရီနျို့ နေအိမ် လက်နက်ကြီးနဲ့ပစ်ခတ်ခံရ

ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့ ညောင်တုန်း (၅) ရပ်ကွက်မှာရှိတဲ့ NLDပါ တီရဲ့ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဒေါ်မေရီနျို့ရဲ့နေအိမ်ကို ဇန်နဝါရီလ ၄ ရက် မနေ့ည ၁၁ နာရီလောက်အချိန်က လက်နက် ကြီးနဲ့ ပစ်ခတ်ခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အဲဒီလက်နက်ကြီးဟာ ဖယ်ခုံမြို့ပေါ်မှာရှိတဲ့ စကခ(၇) တပ်က ပစ်ခတ်တဲ့လက်နက်ကြီးဖြစ်တယ်လို့ ဒေသခံ မဟယ်လင်က ပြောပါတယ်။
"အစ်မက အိမ်မှာမနေတာ ကြာပါပြီ။ အိမ်သားတွေလည်း ဘယ်သူမှမနေကြပါဘူး။ အိမ်ကတော့ တော်တော်ပျက်စီးသွားတယ်။ ဖယ်ခုံမှာ ညတိုင်းလက်နက်ကြီးနဲ့ ထုတဲ့အသံကြားရတာ ငရဲလိုပဲ"
မနေ့ညက ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီရုံး အပါအဝင် နေရာသုံးခုမှာ ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီးနောက် လက်နက်ကြီး တွေနဲ့ ပစ်ခတ်ခံခဲ့ရတာဖြစ် လူထိခိုက်မှု ရှိ၊ မရှိ မသိရသေးဘူးလို့ ဆိုပါတယ်။
ဒီကိစ္စနဲပတ်သက်လို့ စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က ဆက်သွယ်မေးမြန်းဖို့ ကြိုးစားနေပါတယ်။
စစ်ကောင်စီတပ်က ဖယ်ခုံမြို့ပေါ်ရပ်ကွက်တွေနဲ့ ကျေးရွာအချို့ကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာတွေ ကြောင့် ဒေသခံအများစုဟာ နေရပ်စွန့်ခွာ ထွက်ပြေးနေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။