ဘင်္ဂလားပင်လယ်အော် အရှေ့ပိုင်း လေမုန်တိုင်းတစ်ခု ဖြစ်ပေါ်နိုင်

ဒီကနေ့ မေလ (၂၃) ရက်နဲ့ လာမယ့်ဇွန်လ (၅) ရက်အကြား ဘင်္ဂလားပင်လယ်အော် အရှေ့ပိုင်းမှာ လေမုန်တိုင်းတစ်ခု ဖြစ်ပေါ်နိုင်တဲ့အတွက် မြန်မာပြည်သူတွေအနေနဲ့ အထူးသတိထားကြဖို့ လိုအပ်တယ်လို့ မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်က ဒီကနေ့ သတိပေး ပြောကြားလိုက်ပါတယ်။

2012.05.23
cyclone_giri_kyaukphyu_305_z.png ရခိုင်ကမ်းရိုးတန်းသို့ အောက်တိုဘာ ၂၂ ရက်နေ့က ဆိုင်ကလုန်း ဂီရိ မုန်တိုင်း တိုက်ခတ်ပြီးနောက် ကျောက်ဖြူမြို့တွင် မုန်တိုင်းသင့် အပျက်အစီးများကို တွေ့ရပုံ ဖြစ်ပါသည်။ (Photo: U Kyaw Zaw Win/www.demowaiyan.co.cc)
(Photo: U Kyaw Zaw Win/www.demowaiyan.co.cc)

" ဘင်္ဂလားပင်လယ်အော်ပဲ ပြောလို့ရသေးတယ်။ ဗမာပြည်တော့ ပြောလို့မရသေးဘူး။ အန္တရာယ်တော့ ရှိတာပေါ့။ နီးတော့ နီးတယ်။ မပြောနိုင်သေးပါဘူး။ ဝင်မယ် မဝင်ဘူးက၊ မုန်တိုင်းဖြစ်ဖို့ကတော့ ခန့်မှန်းပြီ၊ မုန်တိုင်းဖြစ်ပြီဆို မိုးလေဝသ သတင်းကို နားထောင်ပေါ့။ အရေးကြီးဆုံးကတော့ အဲဒါပါပဲ"

ဒီမုန်တိုင်းဟာ မြန်မာနိုင်ငံကို ဝင်ရောက်ခဲ့ရင် ရခိုင်ဒေသကို ဦးတည် တိုက်ခတ်နိုင်တယ်လို့လည်း ဦးထွန်းလွင်က ပြောပါတယ်။

ပြီးခဲ့တဲ့နှစ် အောက်တိုဘာလ (၂၂) ရက်နေ့က ရခိုင်ပြည်နယ် ကျောက်ဖြူဒေသကို ဂီရိလေမုန်တိုင်း တိုက်ခတ်ခဲ့တဲ့အတွက် လူ (၁၀၀) ကျော်သေဆုံးပြီး ဒေသခံတွေ သိန်းနဲ့ချီ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။