အမေရိကန်၊ ဗြိတိသျှသံတမန်များ NLD ခေါင်းဆောင်များနှင့် တွေ့ဆုံ

အမျိုးသား ဒီမိုကရစီအဖွဲ့ချုပ် NLD ခေါင်းဆောင်တွေနဲ့ အနောက်တိုင်း သံတမန်တွေ အောက်တိုဘာ ၂၇ ရက် ဒီကနေ့ တွေ့ဆုံကြတယ်လို့ သိရပါတယ်။

2010.10.27
NLD_HQ_office_305_z.jpg အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ၏ ရန်ကုန်မြို့ရှိ ဌာနချုပ်ရုံးတွင် အဖွဲ့ဝင်များ အလုပ်လုပ်နေပုံ ဖြစ်ပါသည်။ (Photo: AFP)
(Photo: AFP)

အမေရိကန်သံရုံး ယာယီတာဝန်ခံနဲ့အဖွဲ့ကို ဒီကနေ့ မနက် ၁၀ နာရီက တွေ့ဆုံခဲ့တာဖြစ်ပြီး ညနေခင်းမှာတော့ ဗြိတိန်သံအရာရှိတွေနဲ့ တွေ့ဆုံခဲ့တယ်လို့ NLD ဗဟိုအလုပ်အမှုဆောင် ဦးဝင်းတင်က RFA ကို ပြောပါတယ်။

တွေ့ဆုံရာမှာ ရွေးကောက်ပွဲ သပိတ်မှောက်ကြောင်း ကြေညာချက်၊ အမျိုးသားဒီမိုကရေစီ အင်အားစု NDF နဲ့ ပတ်သက်တဲ့ သဘောထား ကြေညာချက်နဲ့ ဒုတိယ ပင်လုံညီလာခံ ခေါ်ရေး ကလေးမြို့ ကြေညာစာတမ်းအကြောင်းတွေကို သံတမန်တွေက မေးမြန်းခဲ့သလို ရွေးကောက်ပွဲအပြီး နိုင်ငံရေး ရပ်တည်ချက်တွေကိုလည်း မေးမြန်းခဲ့ကြတယ်လို့ သိရပါတယ်။

ဒီတွေ့ဆုံပွဲမှာ NLD ဒုဥက္ကဋ္ဌ ဦးတင်ဦး၊ ဗဟိုအလုပ်မှုဆောင် ဦးဝင်းတင်နဲ့ ဦးနိုင်းနိုင်းတို့ ဦးဆောင် ပါဝင်တယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။