မြန်မာနိုင်ငံသားမဟုတ်သူတွေ ကိုင်ဆောင်ထားတဲ့ White Card ခေါ် ယာယီသက်သေခံ လက်မှတ်တွေကို လာမယ့် မတ်လ ၃၁ ရက်နေ့မှာ သက်တမ်းကုန်ဆုံးပြီ လို့ သတ်မှတ်ကြောင်း သမ္မတ ဦးသိန်းစိန်က မနေ့ က ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂ ရက်နေ့ကကျင်းပခဲ့ တဲ့ ပြည်ထောင်စု လွှတ်တော်အစည်းအဝေးမှာ ယာယီ သက်သေခံ လက်မှတ် ဝှိုက်ကဒ် ကိုင်ဆောင်ထား သူတွေကို မဲပေးခွင့်ပြုဖို့ ဆုံးဖြတ်ခဲ့ပြီး၊ ဖေဖော်ဝါရီလ ၁၁ ရက် မနေ့ကတော့ ဝှိုက်ကဒ်တွေ မတ်လကုန်မှာ သက်တမ်းကုန်ဆုံးကြောင်း ကြေညာခဲ့တာဖြစ်ပါတယ်။
သက်တမ်းကုန်ဆုံးတဲ့ လက်မှတ်တွေကို လာမယ့် မေလ ၃၁ ရက် နောက်ဆုံးထား အပ်နှံရမယ်လို့ ကြေညာချက် မှာဖော်ပြပါတယ်။
သမ္မတရုံးညွန်ကြားရေးမှူး ဦးဇော်ဌေးရဲ့ Facebook စာမျက်နှာမှာ ဒီကြေညာချက်အရ ဝှိုက်ကဒ်တွေ တရားမဝင်တော့တဲ့ အတွက် မဲပေးခွင့်အလိုအလျောက် ပယ်ဖျက်ပြီးဖြစ်ကြောင်း၊ ဝှိုက်ကဒ် ကိုင်ဆောင်သူအားလုံး ဥပဒေ၊ နည်းဥ ပဒေတွေနဲ့အညီ ပြည်လည်စိစစ်ပြီး၊ ဥပဒေနဲ့ညီမှ ကဒ်ထုတ်ပေးမယ်လို့ ဖော်ပြထားပါတယ်။
ယာယီသက်သေခံလက်မှတ် ကိုင်ဆောင်သူတွေကို မဲပေးခွင့်ပြုဖို့ ပြည်ထောင်စု လွှတ်တော်က ဆုံးဖြတ်ခဲ့တာ နဲ့ပတ်သက်ပြီး ရခိုင်ပြည်နယ်မှာ ဆန္ဒပြကန့်ကွက်ခဲ့ကြသလို၊ ရန်ကုန်မြို့မှာလည်း မနေ့က ဆန္ဒပြခဲ့ကြပါတယ်။
ဝှိုက်ကဒ်တွေ သက်တမ်းကုန်ကြောင်း ကြေညာချက်ထွက်လာခဲ့တဲ့ မနေ့မနက်ကတော့ ပြည်ထောင်စု လွှတ်တော် နာယက သူရဦးရွှေမန်းက ယာယီသက်သေခံလက်မှတ် ကိုင်ဆောင်သူတွေကို မဲပေးခွင့်ပြုဖို့ ပြည်ထောင်စု လွှတ်တော်က ဆုံးဖြတ်ခဲ့တာဟာ အခြေခံဥပဒေနဲ့ ညီ မညီ ဆုံးဖြတ်ပေးဖို့ ဖွဲ့စည်းပုံအခြေခံ ဥပဒေခုံရုံးကို စာပေး ပို့ထားကြောင်း သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။
သမ္မတရုံးညွန်ကြားရေးမှူး
