အမေရိကန် လက်ထောက်နိုင်ငံခြားရေး ဝန်ကြီး မြန်မာနိုင်ငံကို လာရောက်မည်

အမေရိကန် လက်ထောက်နိုင်ငံခြားရေး ဝန်ကြီး မစ္စတာ William Burns ဟာ လာမယ့် သီတင်းပတ် ဗုဒ္ဒဟူးနေ့မှာ မြန်မာနိုင်ငံကို လာရောက်မယ် လို့ သိရပါတယ်။

2012.10.12

အာရှ (၅) နိုင်ငံ ခရီးစဉ်အတွင်း မြန်မာနိုင်ငံကို ဝင်ရောက်မှာ ဖြစ်ပါတယ်။

မစ္စတာ William Burns ဟာ သမ္မတ ဦးသိန်းစိန် နဲ့ အစိုးရအဖွဲ့၊ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် တို့နဲ့ တွေ့ဆုံမှာ ဖြစ်ပါတယ်။

အခု ခရီးစဉ်ဟာ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် လာရောက်ခဲ့ပြီးတဲ့နောက် အဆင့်မြင့် အမေရိကန် အစိုးရအရာရှိ ခရီးစဉ် ဖြစ်ပါတယ်။

အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီးဟာ မြန်မာနိုင်ငံကို မရောက်ခင် ဂျပန် နဲ့ တောင်ကိုရီးယား တို့ကို သွားရောက်မှာဖြစ်ပြီး အိန္ဒိယနိုင်ငံကိုလည်း ဝင်ရောက်မှာ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။