ဦးဝင်းတင် ဆေးရုံတက်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟို အလုပ်အမှုဆောင် ကော်မတီဝင် ဦးဝင်းတင်ဟာ ခြေထောက်မှာ ပြင်းပြင်းထန်ထန် ကိုက်ခဲတဲ့ဝေဒနာ ကြောင့် ရန်ကုန်တိုင်း စမ်းချောင်းမြို့နယ် ဗဟိုလမ်းက အာရှတော်ဝင်ဆေးရုံမှာ တက်ရောက် ကုသခံနေရ တယ်လို့ သတင်းရရှိပါတယ်။
2011-07-16
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
စစ်အစိုးရက ၁၉ နှစ်ကြာ ဖမ်းဆီးထားခဲ့သည့် သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင် (ဝဲ) ၂၀ဝ၈ စက်တင်ဘာ ၂၃ရက်နေ့က ထောင်မှ လွတ်လာခဲ့ပြီးနောက် သူနေထိုင်မည့် အင်းစိန်ရှိ မိတ်ဆွေ၏ အိမ်သို့ ရောက်ရှိလာစဉ် ဝမ်းသာလှိုက်လှဲစွာ ဆီးကြိုနှုတ်ဆက်နေပုံ ဖြစ်ပါသည်။ (Photo: AFP)
စစ်အစိုးရက ၁၉ နှစ်ကြာ ဖမ်းဆီးထားခဲ့သည့် သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင် (ဝဲ) ၂၀ဝ၈ စက်တင်ဘာ ၂၃ရက်နေ့က ထောင်မှ လွတ်လာခဲ့ပြီးနောက် သူနေထိုင်မည့် အင်းစိန်ရှိ မိတ်ဆွေ၏ အိမ်သို့ ရောက်ရှိလာစဉ် ဝမ်းသာလှိုက်လှဲစွာ ဆီးကြိုနှုတ်ဆက်နေပုံ ဖြစ်ပါသည်။ (Photo: AFP)
Photo: AFP

NLD ပြန်ကြားရေးတာဝန်ခံ ဦးအုန်းကြိုင်က RFA ကို အခုလို ပြောပြပါတယ်။

“အရေးပေါ်ဌာနကနေပြီးတော့ အခန်းထဲကို ပို့လိုက်ပြီ။ အခန်းနံပါတ် ၂၇ဝ၄ မှာ။ ခါးဆစ်ကို ဆေးထိုးမယ်လို့ သမားတော်က ပြောတယ်။ ဆေးရုံမှာ တင်ခဲ့တယ်။ ကျန်တဲ့ စစ်ဆေးချက်တွေကတော့ ဘာမှ ထူးထူးခြားခြား မတွေ့ပါဘူး၊ နှလုံးတွေ ဘာတွေက ပုံမှန်ပါပဲ။ စိုးရိမ်ရတဲ့ အခြေအနေတော့ မရှိပါဘူး”

ဆရာဦးဝင်းတင်ဟာ ပြီးခဲ့တဲ့ မေလက သွားခဲ့တဲ့ ရှမ်းပြည်ခရီးစဉ် အပြန်မှာ ခြေထောက်ပေါ် ရေယုံ ပေါက်ပြီး၊ အနာကတဆင့် လမ်းမလျှောက်နိုင်တော့ဘဲ ခြေထောက်တွေ နာကျင်ကိုက်ခဲတဲ့ဒဏ်ကို နေ့စဉ် ခံစားနေရတာပါ။ ဒါကြောင့် မနက်ဖြန် ခါးဆစ်ရိုးထဲကို ဆေးထိုးကုသမှာ ဖြစ်တဲ့အတွက် ဒီနေ့ညနေ အောက်စီဂျင် ပေးထားပြီး အားဆေး သွင်းနေတယ်လို့ ဦးဝင်းတင်ကို အနီးကပ် ပြုစုနေတဲ့ ကိုရာဇာက ပြောပါတယ်။

အင်းစိန်ထောင် တိုက်ခန်းတွေထဲမှာ အနှစ် ၂ဝ နီးပါး နေခဲ့ရတဲ့ ဆရာဦးဝင်းတင်ဟာ ထောင်ကလွတ်ပြီး နောက်ပိုင်း နှလုံးခွဲစိပ်ကုသမှုလည်း ခံယူခဲ့ရပါတယ်။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့