ဦးဝီရသူ မောင်တောရောက်ရှိ
ရခိုင်ပြည်နယ် မောင်တောဒေသမှာရှိတဲ့ ရခိုင်တိုင်းရင်းသားကျေးရွာတွေကို ဆရာတော် ဦးဝီရသူ ဒီနေ့ ကြွရောက်ခဲ့ ပါတယ်။
-
2017-07-11 -
-
-
ရခိုင်ပြည်နယ် မောင်တောဒေသမှာရှိတဲ့ ရခိုင်တိုင်းရင်းသားကျေးရွာတွေကို ဆရာတော်ဦးဝီရသူ ဒီနေ့ ကြွရောက်ခဲ့ပါတယ်။
မောင်တောဒေသက ရခိုင်တိုင်းရင်းသားရွာတွေမှာ အစားအသောက်နဲ့ အဝတ်အထည်တွေလိုအပ်ချက်တွေ ရှိနေတာကြောင့် သွားခွင့်ပြုပေးလိုက်တာလို့ ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့က ရဲမှူးကြီးစိန်လွင်က ပြောပါ တယ်။
"မောင်တောအထိကတော့ ခွင့်ပြုပါတယ်၊ သွားလို့ရပါတယ်၊ တိုက်ပွဲမရှိပါဘူး မောင်တောမှာက တိုက်ပွဲက တောတွင်းကျတဲ့ အစွန်အဖျားနေရာမှာဖြစ်တာပါ၊ သွားတဲ့သူတွေအကုန်လုံးကိုတော့ သက်ဆိုင်ရာနယ်မြေအလိုက် လိုအပ်သလို လုံခြုံရေးဆောင်ရွက်ပေးနေတာပေါ့ သီးခြားကြီး တကူးတကတော့ လိုက်ပြီးတော့သွားတာတော့မရှိပါဘူး၊ တိုင်းရင်းသားရွာလေးတွေမှာ အစား အသောက်နဲ့ အဝတ်အထည်တွေပေးဖို့ပါပဲ အလှူပေးဖို့ပါပဲ"
ဆရာတော်ရဲ့ခရီးစဉ်အတွင်း သက်ဆိုင်ရာနယ်မြေရဲတပ်ဖွဲ့ဝင်တွေက လုံခြုံရေးအတွက် လုပ်ဆောင်ပေး မှာဖြစ်တယ်လို့ ပြောပါတယ်။
ဆရာတော်နဲ့အဖွဲ့တို့ဟာ စစ်တွေမြို့ကို ဒီကနေ့ရောက်လာတာဖြစ်ပြီး ဒီနေ့မှာပဲ မောင်တောကို ဆက်လက် ထွက်ခွာသွားတာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လ ၉ ရက်က ဘူးသီးတောင်မြို့နယ်ဖက်မှာ အကြမ်းဖက်သမားတွေနဲ့ လုံခြုံရေးတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့လို့ အကြမ်းဖက်သမား ၂ ဦး သေဆုံးခဲ့ပြီး ၂ဦး ဖမ်းဆီးရမိထားတယ်လို့ နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီက ထုတ်ပြန်ထားပါတယ်။