ဒေါ်အောင်ဆန်းစုကြည်ကို တိုင်ကြားချက် ပြန်ရုပ်သိမ်း
2015.09.08

ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ အချိန်မတိုင်ခင် မဲဆွယ်စည်းရုံးတယ်ဆိုပြီး ကော်မရှင်မှာ တိုင်ကြားထားတာ ကို ပြန်လည်ရုပ်သိမ်းသွားတယ်လို့ နေပြည်တော် ရွေးကောက်ပွဲကော်မရှင်က ပြောပါတယ်။
နေပြည်တော်ကနေ တသီး ပုဂ္ဂလအနေနဲ့ယှဉ်ပြိုင်မယ့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း ဦးကျော်ဝင်းက သူ့ရဲ့တိုင်စာကို ရုပ်သိမ်းခဲ့တာလို့ ကော်မရှင်အဖွဲ့ခွဲဥက္ကဌ ဦးထက်အောင်ကျော်က ပြောပါတယ်။
NLD ပါတီဝင်တွေနဲ့ ပန်းရဲ့လမ်းဂီတအဖွဲ့ဟာ ပြီးခဲ့တဲ့ သြဂုတ်လ ၂၉ ရက်က ဇမ္ဗူသီရိမြို့နယ်၊ သပြေကုန်းရပ်ကွက် မှာ 'ပြောင်းလဲချိန်တန်ပြီ၊ အမှန်တကယ်ပြောင်းလဲဖို့ NLD ပါတီကို မဲပေးစို့' စာသားနဲ့ ဒေါ်အောင်ဆန်းစုကြည် ဓာတ်ပုံပါတဲ့ လက်ကမ်းကြော်ငြာတွေကို ဝေငှခဲ့တာကြောင့် ဦးကျော်ဝင်းက တိုင်ကြားတာဖြစ်ကြောင်း သိရပါတယ်။
အဲ့ဒီလိုတိုင်ကြားတဲ့ ဦးကျော်ဝင်းနဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖံ့ွဖြိုးရေးပါတီက ပြည်သူ့လွှတ်တော် ကိုယ်စား လှယ်လောင်း ဦးမြင့်လှိုင်တို့က ဒီလ ၄ ရက်နေ့က သူတို့ကို မဲပေးဖို့ ထီးတွေ၊ ယပ်တောင်တွေ၊ ကျောင်းသုံး ပရိဘောဂတွေနဲ့ အဝတ်အစားတွေ ဝေခဲ့တဲ့အတွက် NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ကိုယ်စားလှယ်လောင်း ဦးသန့်ဇင်ထွန်းက ကော်မရှင်ထံ ပြန်လည်တိုင်ကြားထားပါတယ်။