ဒီတစ်ပတ်အစီအစဉ်မှာတော့ စစ်တပ်အာဏာသိမ်းပြီးတဲ့နောက်အဖမ်းခံရပြီး ထောင်ကျခဲ့ရတဲ့ ဓာတ်ပုံ သတင်းထောက် ကိုကျော်စွာထွန်းရဲ့ ဘဝကိုနားဆင်ရမှာပါ။
သူရိုက်ခဲ့တဲ့ အမျိုးသမီးတစ်ယောက်သံပုံးတီးတောထုတ်နေတဲ့ဓာတ်ပုံဟာလည်း လူမှုကွန်ယက်မှာ ထင်ရှားသွားခဲ့သလို၊ သူလည်း ထောင်ထဲမှာ ၃ နှစ်လောက်နေလိုက်ရပါတယ်။
အကျဉ်းထောင်ကလွတ်မြောက်တဲ့အခါမှာလည်း ပြည်တွင်းမှာပြဌာန်းထားတဲ့ စစ်မှုထမ်းဥပဒေကို ကြောက်ရတဲ့အတွက် ထိုင်းနိုင်ငံကိုတိမ်းရှောင်လာရပြီး ကြုံရာကျပန်းလုပ်ရင်း ကြိုးစားရုန်းကန်နေပါ တယ်။
ဒီ “စိန်ခေါ်ချက်များနဲ့ မြန်မာလူငယ် “ အစီအစဥ်ကို RFA Burmese Website, Facebook နဲ့ YouTube မှာ အပတ်စဥ် မြန်မာစံတော်ချိန် စနေနေ့မနက် ၇ နာရီမှာ ကြည့်ရှုနားဆင်နိုင်ပါတယ်။
