ကမ္ဘာ့ဖလားပွဲ မြန်မာနဲ့ အမေရိကန် ၃ဝ ရက်နေ့ ယှဉ်ပြိုင်မည်

နယူးဇီလန်နိုင်ငံမှာ မေလ ၃ဝ ရက်နေ့ ကျင်းပမယ့် အသက် ၂ဝ အောက် ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲနေ့ မှာ မြန်မာလူငယ်အသင်းနဲ့ အမေရိကန်လူငယ်အသင်းတို့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

ရန်ကုန်မြို့၊ သုဝဏ္ဏအားကစားကွင်းမှာ ဒီဇင်ဘာလ ၁၄ ရက်နေ့ကကျင်းပတဲ့ မြန်မာနဲ့ ထိုင်း ဘောလုံးပွဲကို အားပေးနေသော မြန်မာပရိသတ်တစ်ဦး photo: RFA/ Kyaw Zaw Win

နယူးဇီလန်နိုင်ငံမှာ မေလ ၃ဝ ရက်နေ့ ကျင်းပမယ့် အသက် ၂ဝ အောက် ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲနေ့ မှာ  မြန်မာလူငယ်အသင်းနဲ့ အမေရိကန် လူငယ်အသင်းတို့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

နယူးဇီလန် စံတော်ချိန် ညနေ ၄ နာရီမှာ အဲ့ဒီပွဲကို စတင်မှာဖြစ်ပြီး ပြိုင်ပွဲဝင်မယ့် အမေရိကန်လူငယ် အသင်းဟာ လာမယ့်စနေနေ့ အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ်ကနေ ခရီးစတင်ထွက်ခွာ ဖို့ ပြင်ဆင်နေပါတယ်။

မြန်မာအသင်းဟာ ဇွန်လ ၂ ရက်နေ့မှာ ယူကရိန်းအသင်းနဲ့ ကစားပြီး ဇွန်လ ၅ ရက်နေ့မှာ အိမ်ရှင် နယူးဇီလန်အသင်းကို ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org