ပုံနှိပ်ဥဒေကြမ်း အတည်ပြုတဲ့ လုပ်ရပ် သတင်းစာဆရာများ အသင်း ကန့်ကွက်

ပြန်ကြားရေးဝန်ကြီးဌာနက တင်သွင်းတဲ့ ပုံနှိပ်ဥပဒေမူကြမ်းကို ပြည်သူ့လွှတ်တော်က အတည်ပြုလိုက်တဲ့အပေါ် မြန်မာနိုင်ငံ သတင်းစာဆရာများအသင်းက ကန့်ကွက် လိုက်ပါတယ်။

ရန်ကုန်မြို့ ယုဇနဂါးဒင်း ဟိုတယ်တွင် မြန်မာနိုင်ငံ သတင်းစာဆရာအသင်း နိုင်ငံလုံးဆိုင်ရာ ညီလာခံကို ၂၀၁၂ ခုနှစ် သြဂုတ်လ ၁၁ ရက်နေ့က ကျင်းပရာတွင် အသင်း ဥက္ကဋ္ဌ စာရေးဆရာ၊ သတင်းစာဆရာ မောင်ဝံသ စကားပြောဆိုနေစဉ်။ RFA

ပြန်ကြားရေးန်ကြီးဌာနက တင်သွင်းတဲ့ ပုံနှိပ်ဥပဒေ မူကြမ်းကို ပြည်သူ့လွှတ်တော်က အတည်ပြုလိုက်တဲ့ အပေါ် မြန်မနိုင်ငံ သတင်းစာဆရာများအသင်းက ကန့်ကွက်လိုက်ကြပါတယ်။

စာနယ်ဇင်းကောင်စီ(ယာယီ)က တင်ပြထား တဲ့ အချက်တွေမပါဘဲ အဲဒီဥပဒေမူကြမ်း ကို ပြည်သူ့လွှတ်တော်က အတည်ပြုလိုက်တဲ့ အတွက် မြန်မာနိုင်ငံ သတင်းစာဆရာများအသင်း က ကန့်ကွက်ရတာဖြစ်တယ်လို့ မြန်မာနိုင်ငံ သတင်းစာဆရာများအသင်းအဖွဲ့င် ပေါ်ပြူလာဂျာနယ် အယ်ဒီတာချုပ် ဦးဖိုးနိုင်လင်းက RFAကို ပြောပါတယ်။

"အဓိကအချက်ကတော့ဗျာ ကျနော်တို့ စာနယ်ဇင်း၊ မဂ္ဂဇင်းမီဒီယာ လောကသားတွေက ပြင်ဆင် မှုတွေပြုလုပ်ဖို့ စာနယ်ဇင်းကောင်စီ ကနေ ဖြုတ်ပယ်၊ ဖြည့်စွက်၊ ပြင်ဆင်မှုတွေ လုပ်ပေးပါဆိုပြီး တောင်းဆိုခဲ့ပါတယ်၊ အဲတောင်းဆိုချက်အတိုင်း စာနယ်ဇင်းကောင်စီကလည်း လုပ်ပေးပါတယ်၊ လုပ်ပေးပေမယ့် လွှတ်တော်မှာ အတည်ပြုလိုက်တဲ့ ပုံနှိပ်ခြင်းနဲ့ ထုတ်ဝေခြင်း လုပ်ငန်း ဥပဒေမူကြမ်းမှာ စာနယ်ဇင်းကောင်စီ ကနေပြီးတော့ ပြင်ဆင်ဖြည့်စွက်တဲ့ဟာ အများစုမပါဝင်လာဘူး၊ အဲဒါကြောင့် စာနယ်ဇင်း သတင်းမီဒီယာ သမားတွေ လက်ခံနိုင်မယ့်ဟာတွေ ပါမလာတဲ့အတွက်ကြောင့် ကျနော်တို့လည်း ဒီဥပေဒကို သဘောမတူသလို လက်လည်းမခံပါဘူးခင်ဗျ"

အသံလွှင့်မီဒီယာဥပဒေ၊ စာကြည့်တိုက် ဥပဒေမူကြမ်းတွေကိုပါ ပြန်ကြားရေးန်ကြီးဌာနကနေပဲ ရေးသားပြုစု ပြီး အတည်ပြုတော့မယ်ဆိုတာမျိုး ပြောနေကြတာကြောင့်မြန်မာနိုင်ငံရဲ့ မီဒီယာလောကကို အစိုးရက ပြန်လည်ချုပ်ကိုင် ချင်နေတဲ့သဘောလို့ ယူဆရကြောင်းလည်း ဦးဖိုးနိုင်လင်းက သုံးသပ်ပြောကြားပါတယ်။

မနက်ဖြန်မှာလည်း စာနယ်ဇင်းကောင်စီ(ယာယီ)က အဲဒီလို ပြည်သူ့လွှတ်တော်က အတည်ပြုလိုက်တဲ့အပေါ် ကန့် ကွက်ကြောင်း သတင်းစာရှင်းလင်းပွဲကို ရန်ကုန်မြို့ရွှေဂုံတိုင်တာါမှာ ကျင်းပမှာ ဖြစ်ပါတယ်။

ပြည်သူ့လွှတ်တော်က အတည်ပြုလိုက်ပေမယ့် ဒီပုံနှိပ်ဥပဒေမူကြမ်းကို အမျိုးသားလွှတ်တော်မှာ ဆက်လက်ဆွေးနွေးရဦးမယ်လို့ သိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org