မစ္စယန်ဟီးလီ ကျောက်ဖြူ အရပ်ဖက်အဖွဲ့တွေနဲ့ တွေ့ဆုံ

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့ကိုရောက်နေ တဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စား လှယ် မစ္စယန်ဟီးလီကို ကျောက်ဖြူမြို့ဒေ သခံတွေက ရွှေဂတ်စ်ပိုက်လိုင်းစီမံကိန်း၊ ကျောက်ဖြူရေနက် စီမံကိန်းတွေကြောင့် ဒေသခံတွေ အကျိုးအမြတ်မရတဲ့ အခြေအနေတွေကို တင်ပြခဲ့ကြပါတယ်။

ကုလသမဂ္ဂရဲ့ လူ့အခွင့်အရေးကိုယ်စားလှယ် မစ္စယန်ဟီးလီ ဇူလိုင်လ ၁၁ ရက်နေ့က ကျောက်ဖြူမြို့ကို ရောက်ရှိလာစဉ် Photo: Mg Mg Htun FB
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့ကိုရောက်နေတဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေးကိုယ်စားလှယ် မစ္စယန်ဟီးလီကို ကျောက်ဖြူမြို့ဒေသခံတွေက ရွှေဂတ်စ်ပိုက်လိုင်းစီမံကိန်း၊ ကျောက်ဖြူရေနက်စီမံကိန်းတွေကြောင့် ဒေသခံတွေ အကျိုးအမြတ်မရတဲ့ အခြေအနေတွေကို တင်ပြခဲ့ကြပါတယ်။

ဒီကနေ့ ညနေပိုင်းမှာ ကျောက်ဖြူမြို့ ပဲလေ့စ်ဟိုတယ်မှာ တွေ့ဆုံစဉ် တင်ပြခဲ့ကြတာဖြစ်တယ်လို့ ကျောက်ဖြူ ကျေးလက်ဒေသ ဖံ့ွဖြိုးရေးအသင်း ညှိနှိုင်းရေးမှူး ဦးထွန်းကြည်က ပြောပါတယ်။

"SEZ နဲ့ ပတ်သက်ပြီးတော့ လက်ရှိအချိန်မှာ ရခိုင်ပြည်နယ်က အကျိုးခံစားခွင့်မရှိဘူး၊ အလုပ်အကိုင် အခွင့်အလမ်းအတွက်လည်း ကျောက်ဖြူဒေသကလူတွေနဲ့ သဟဇာတမဖြစ်ဘူးဆိုတာကို ထောက်ပြ တယ်၊ ကျနော်တို့မှာ နည်းပညာတွေမရှိဘူး အလုပ်အကိုင်အခွင့်အလမ်းရလောက်အောင် အတတ် ပညာတွေလည်း မရှိဘူး၊ အခုရွှေဂတ်စ်မှာ ရခိုင်လူထုအတွက် ဘာအကျိုးခံစားခွင့်မှမရှိဘူး အရမ်းတန်ဖိုးရှိတဲ့ဟာတွေကို ကျနော်တို့ဆီက ထောက်ပံ့ပေးနေရပေမယ့် လက်ရှိဖွဲ့စည်းပုံရဲ့ အကျပ်အတည်းကြောင့် ကျွန်တော်တို့ပြည်နယ်က ဆင်းရဲနေရတယ်ဆိုတာတွေ ဆွေးနွေးဖြစ်ခဲ့ ကြတယ်’’

ရွှေဂတ်စ်ပိုက်လိုင်းကြောင့် ဆုံးရှုံးနစ်နာရတဲ့ မြေပိုင်ရှင်တွေရှိသလို အဲဒီစီမံကိန်းဟာလည်း ဒေသခံတွေအတွက် ဘာအကျိုးအမြတ်မှမရသေးဘူးလို့ တင်ပြခဲ့ကြတယ်လို့ သိရပါတယ်။

အလားတူ ကျောက်ဖြူမြို့ရေနက်စီမံကိန်းကြောင့် ငါးဖမ်းလုပ်သားတွေ အလုပ်အကိုင်အခွင့်အရေး ဆုံးရှုံးနစ်နာခဲ့ရ ပြီး အဲဒီစီမံကိန်းမှာ ဒေသခံတွေအတွက် အလုပ်အကိုင်အခွင့်အလမ်းတွေ ရဖို့အတွက်လည်း မျှော်လင့်တယ်လို့ တင်ပြကြပါတယ်။

အဲဒီတွေ့ဆုံပွဲကို ကျောက်ဖြူ ကျေးလက်ဒေသဖွံ့ဖြိုးရေးအသင်း၊ ကျောက်ဖြူမြို့ရေလုပ်သားများအဖွဲ့၊ မဒေးကျွန်းဒေ သခံတွေနဲ့ ရွှေဂတ်စ်ပိုက်လိုင်းကြောင့် နစ်နာဆုံးရှုံးခဲ့ရသူတွေ စတဲ့အဖွဲ့အစည်းတွေက ကိုယ်စားလှယ် ၁၇ ဦး တက်ရောက်ခဲ့ပါတယ်။

ဒီကနေ့ ဆွေးနွေးပွဲကနေတဆင့် မစ္စယန်ဟီးလီဟာ နေပြည်တော်မှာ အစိုးရအဖွဲ့နဲ့တွေ့ဆုံစဉ် ကျောက်ဖြူဒေသ ခံတွေရဲ့ အခက်အခဲတွေကို တင်ပြပေးနိုင်လိမ့်မယ်လို့လည်း မျှော်လင့်မိကြောင်း ပြောပါတယ်။
2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org