စည်ပင်ရွေးကောက်ပွဲ မဲရုံမှူးတစ်ဦး သေဆုံး


2019-03-31
Share
ycdc-election-622.jpg ရန်ကုန်မြို့မှာ စည်ပင်ရွေးကောက်ပွဲကျင်းပနေတဲ့ စမ်းချောင်းမြို့နယ် လင်းလွန်းမြောက်ရပ်ကွက် မဲရုံကို ၂ဝ၁၉ ခုနှစ် မတ်လ ၃၁ ရက်နေ့က တွေ့ရစဉ်
Photo: Zarni Htun/RFA

ရန်ကုန်မြို့မှာ စည်ပင်ရွေးကောက်ပွဲကျင်းပနေတဲ့ ရန်ကင်းမြို့နယ်၊ ၅ ရပ်ကွက်က အ.မ.က (၁၃) မဲရုံမှာ မဲရုံမှူးတာဝန်ထမ်းဆောင်နေတဲ့ ကျောင်းအုပ်ဆရာမတစ်ဦး ဒီနေ့မနက်က ရုတ်တရက်သေဆုံးသွားတယ်လို့ သိရပါတယ်။

မဲရုံမှူးတာဝန်ထမ်းဆောင်ရင်း မနက် ၆ နာရီခွဲလောက်မှာ ရုတ်တရက်လဲကျသွားခဲ့ပြီး နီးစပ်ရာဆေးခန်းကို ပို့ဆောင်ချိန်မှာ သေဆုံးသွားတာလို့ ရန်ကင်းမြို့နယ်၊ တိုင်းလွှတ်တော် ကိုယ်စားလှယ် ဒေါ်သီတာ က RFA ကို ပြောပါတယ်။

သေဆုံးသူမှာ လတ်တလော ဖြစ်ပွားနေတဲ့ ရောဂါမရှိဘူးလို့ ကျန်ရစ်တဲ့မိသားစုဝင်တွေရဲ့ ပြောပြချက်အရ သိရကြောင်းလည်း ကိုယ်စားလှယ် ဒေါ်သီတာ က ပြောပါတယ်။

သေဆုံးသွားသူဟာ အသက် ၅၉ နှစ်အရွယ်ရှိပြီး ရန်ကင်းမြို့နယ်၊ ၅ ရပ်ကွက်၊ အမက (၁၃) ကျောင်းက ကျောင်းအုပ်ဆရာမကြီးတစ်ဦး ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

ဆိုက်တခုလုံးသို့