တောင်ဥက္ကလာ လူငယ် ကွန်ရက်အဖွဲ့ နိုင်ငံရေးအကျဉ်းသားမိသားစု ကူညီ

ဒီကနေ့ ကျရောက်တဲ့ မြန်မာ့လွတ်လပ်ရေး ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ မွေးနေ့ အထိမ်းအမှတ် အဖြစ် ရန်ကုန်တိုင်း တောင်ဥက္ကလာပမြို့နယ် လူငယ်ကွန်ရက်အဖွဲ့ကနေ နိုင်ငံရေးအကျဉ်းသားတဦးရဲ့ မိသားစုကို အခမ်းအနားနဲ့ ငွေကြေး ထောက်ပံ့ခဲ့ပါတယ်။
2011-02-13
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
ရန်ကုန်မြို့၊ ရွှေတောင်ကုန်း ကျောင်းတိုက်တွင် နိုဝင်ဘာ ၂၉ ရက်က နိုင်ငံရေး အကျဉ်းသားများ၏ မိသားစု ဆွေမျိုးသားချင်းများကို ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် (အလယ်) တွေ့ဆုံနှုတ်ဆက်ပြီး အားပေးစကား ပြောကြားနေပုံ ဖြစ်ပါသည်။ (Photo: AFP)
ရန်ကုန်မြို့၊ ရွှေတောင်ကုန်း ကျောင်းတိုက်တွင် နိုဝင်ဘာ ၂၉ ရက်က နိုင်ငံရေး အကျဉ်းသားများ၏ မိသားစု ဆွေမျိုးသားချင်းများကို ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် (အလယ်) တွေ့ဆုံနှုတ်ဆက်ပြီး အားပေးစကား ပြောကြားနေပုံ ဖြစ်ပါသည်။ (Photo: AFP)
(Photo: AFP)

အခုလို ငွေကြေးထောက်ပံ့မှု ပေးတဲ့အတွက် ဝမ်းသာမိပါကြောင်း ၂ဝဝ၇ ခုနှစ်က ကုန်ဈေးနှုန်းကျဆင်းရေး ဆန္ဒပြခဲ့တဲ့အတွက် သာယာဝတီထောင်မှာ အကျဉ်းကျနေတဲ့ နိုင်ငံရေးအကျဉ်းသား ဦးဇော်ဇော်အောင်ရဲ့ ဇနီး ဒေါ်ခင်မျိုးနွယ်က အာအက်ဖ်အေကို ပြောပါတယ်။

တောင်ဥက္ကလာလူငယ် ကွန်ယက်အဖွဲ့ ဟာ အရင်ကလည်း အမျိုးသား ဒီမိုကရေစီအဖွဲ့ ချုပ် NLD က နိုင်ငံရေး အကျဉ်းသားတွေကို တတ်စွမ်းသလောက် ကူညီရေး မဲနှိုက်တာဝန်ယူတဲ့ အစီအစဉ်မှာလည်း ပါဝင်ခဲ့ပြီး သာကေတမြို့နယ်က နိုင်ငံရေးအကျဉ်းသား ဦးမြင့်လှိုင်ရဲ့ မိသားစုကိုလည်း ငွေကြေး ကူညီခဲ့တယ်လို့ တောင်ဥက္ကလာပ လူငယ်ကွန်ရက်အဖွဲ့ကို ဦးဆောင်နေသူ၊ ၂ဝ၁ဝ ရွေးကောက်ပွဲမှာ တသီးပုဂ္ဂလ အနေနဲ့ ဝင်ရောက် ယှဉ်ပြိုင်ခဲ့တဲ့ ဒေါက်တာစောနိုင်က ပြောပါတယ်။

ဒါ့အပြင် NLD လူမှု အထောက်အကူပြု အဖွဲ့က ဖွင့်လှစ်ထားတဲ့ HIV/AIDS လူနာစောင့်ရှောက်ရေး ဂေဟာကို ငွေကြေး ကူညီခဲ့သလို ချင်းပြည်နယ်တောင်ပိုင်း ကန်ပက်လက်မြို့နယ်ကို ဆန်လှူဒါန်းတဲ့ အစီအစဉ်မှာလည်း ပါဝင်ခဲ့ပါတယ်။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့