တပ်စခန်းကြောင့် မြောက်ဦးစာသင်ကျောင်း ပိတ်
မင်းသိန်းအောင်
2019.10.24
2019.10.24
ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်က တိမ်ညိုစစ်ဘေးဒုက္ခသည်စခန်းကို ၂၀၁၉၊ ဇွန် ၂၉ ရက်နေ့က တွေ့ရစဉ်
ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် တိမ်ညိုကျေးရွာ စစ်ဘေးဒုက္ခသည်စခန်းနဲ့ ဆေးရုံကို တပ်မတော်က ဒီနေ့ ဝင်ရောက်မှတ်တမ်းယူခဲ့သလို တိမ်ညိုကျေးရွာ အထက်တန်းကျောင်းမှာ တပ်မတော်က စခန်းချနေတာကြောင့် ဒီနေ့ကျောင်းကို ပိတ်ထားလိုက်ရပါတယ်။
တပ်မတော်ပြောခွင့်ရသူကတော့ တိမ်ညိုကျေးရွာမှာ တပ်မတော်စစ်ကြောင်းမရှိသလို စာသင်ကျောင်းမှာ စခန်းချတာလည်း မရှိကြောင်း ငြင်းဆိုပါတယ်။
ဒီအကြောင်း RFA သတင်းထောက် ကိုမင်းသိန်းအောင် က တင်ပြထားပါတယ်။









