တောင်သူဒေါ်ခင်ဝင်းသေဆုံးမှု အမှုမှန်ပေါ်ပေါက်ရေး

၂ဝ၁၄ ခုနှစ် ဒီဇင်ဘာလ ၂၂ ရက်နေ့က လိပ်ခွံတောင်မှာ သေနတ်ဒဏ်ရာနဲ့ သေဆုံးသွားတဲ့ ဒေါ်ခင်ဝင်း ဈာပနမှာ လွမ်းသူ့ ပန်းခွေတွေကို တွေ့ရစဉ်
၂ဝ၁၄ ခုနှစ် ဒီဇင်ဘာလ ၂၂ ရက်နေ့က လိပ်ခွံတောင်မှာ သေနတ်ဒဏ်ရာနဲ့ သေဆုံးသွားတဲ့ ဒေါ်ခင်ဝင်း ဈာပနမှာ လွမ်းသူ့ ပန်းခွေတွေကို တွေ့ရစဉ် (Photo: Kyaw Zaw Win/ RFA )

0:00 / 0:00

လက်ပံတောင်းတောင်ကြေးနီစီမံကိန်း ပဋိပက္ခဖြစ်စဉ်အတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ပစ်ခတ်တဲ့အတွက် သေဆုံးခဲ့တဲ့ မိုးကြိုးပြင်ရွာက တောင်သူဒေါ်ခင်ဝင်းအမှုကို ပြန်လည်စစ်ဆေးပေးဖို့ နိုင်ငံတော်သမ္မတကို တိုင်ကြားခဲ့ရာမှာ ဒီအမှုဟာ ပိတ်ပြီးသားအမှုဖြစ်တယ်လို့ သမ္မတရုံးက အကြောင်းပြန်ကြားခဲ့တဲ့အပေါ် မကျေနပ်တဲ့အတွက် အမှုမှန်ပေါ်ပေါက်ပြီး ဥပဒေနဲ့အညီဖြစ်ဖို့ ဒေသခံတွေက ဆက်လက် တောင်းဆိုသွားမယ်လို့ သိရပါတယ်။

RFA သတင်းထောက် မသက်စုအောင်က တင်ပြထားပါတယ်။