0:00 / 0:00
ကချင်ပြည်နယ် ဖားကန့်ကျောက်စိမ်းတွင်းဒေသမှာ ပြီးခဲ့တဲ့ နိုဝင်ဘာလက မြေစာပုံ ပြိုကျမှုကြောင့် လူပေါင်း ၁၁၄ ဦး သေဆုံးခဲ့တာနဲ့ပတ်သက်ပြီး နောင်မှာ အလားတူ အဖြစ်မျိုး ထပ်မံမဖြစ်ပွားရေးအတွက် ကချင်ပြည်နယ် အမျိုးသားလွှတ်တော်ကိုယ်စား လှယ် ဦးခက်ထိန်နန် တင်သွင်းတဲ့ အရေးကြီးအဆိုကို ကိုယ်စားလှယ် ၈ ဦးက ဒီနေ့ ဆွေးနွေးကြပါတယ်။
ကိုယ်စားလှယ်တချို့ရဲ့ ဆွေးနွေးချက်တွေကို RFA သတင်းထောက် ကိုဝင်းကိုကိုလတ် က ကောက်နှုတ်တင်ပြထားပါတယ်။