0:00 / 0:00
နိုင်ငံတော်သမ္မတတာဝန်ထမ်းဆောင်ခဲ့သူအတွက် လုံခြုံရေးဆိုင်ရာဥပဒေကို အမျိုးသားလွှတ်တော်မှာဆွေးနွေးနေပြီ ဖြစ်ပါတယ်။ သမ္မတထမ်းဆောင်ခဲ့သူတွေအတွက် ဒီဥပဒေလိုအပ်တယ်ဆိုပေမယ့် သမ္မတကို ဥပဒေရဲ့အထက်မှာ ပုံဖော်တာမျိုးမဖြစ်စေဖို့ သတိထားရမှာဖြစ်တယ်လို့ နိုင်ငံရေးခေါင်းဆောင်တွေနဲ့ လေ့လာသူတွေက သုံးသပ်ကြပါတယ်။ RFA အဖွဲ့သူ ဒေါ်ခင်ခင်အိ စုစည်းတင်ပြထားတာ နားဆင်နိုင်ပါတယ်။
